This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, November 2, 2013

ရှိုင်းမင်း


ငါမကြားချင်ဆုံးစကားလုံးတွေကြောင့်
ငါဘက်ကနှုတ်ဆိတ်နေခဲ့တာကြာပါပြီ

ထပ်ပြီးတော့လည်းမတောင်းဆိုတော့ဘူး
ငါ့အတွက် အင်အားဆိုတာလည်းမရှိတော့ဘူး

ငါချစ်နေတာလေးသိနေရင်ကိုကျေနပ်တယ်
ငါလွမ်းတာလေးသိနေရင်ကိုကျေနပ်တယ

ငါ့ရဲ့ အလွမ်းတွေ အချစ်တွေကို
ကဗျာအဖြစ်ဖွဲ့သီခဲ့တာလည်းကြာပြီပေါ့

အခုဆို ကဗျာ တွေတောင်
ငါ့အလိုမကျချင်တော့ဘူး

ကဗျာရေးတိုင်း မျက်ရည်ဝိုင်းခဲ့ရတဲ့နေ့တွေလည်း
လက်ချိုးလို့ မရေနိုင်တော့ဘူး

တစ်နေ့ တစ်နေ့ ကဗျာတွေနဲ့ အချိန်ကုန်ခဲ့တဲ့ငါ
ကဗျာ ရေးရမှာတောင် ကြောက်လာပြီ

ငါ့အတွက် ဒီနေ့ဆိုတာ
ကဗျာတစ်ပုဒ်ရဲ့ နောက်ဆုံးပါပဲ

ငါ့အတွက် ကျောခိုင်းနေသူအတွက်
ငါဝမ်းနည်းမနေတော့ဘူး

ငါ့နှလုံးသား ငါ့ဘ၀ တစ်ခုလုံး
မင်းယူသွားခဲ့ပြီပဲ

ငါ့အတွက် အနာဂတ် ဘ၀သစ် ဆိုတာ
မနက်ဖြန် မှာ စတင်ခဲ့ပြီ

ဒီနေ့ ကဗျာရေးတာ......
နောက်ဆုံး လက်ဆောင်တစ်ခုပါချစ်သူ

နေမထိ

ရှိုင်းမင်း



ချစ်ရသူ နင်ငါ့ကို...
အရင်ချန်ထားခဲ့ဖူးတဲံ ယောင်္ကျားတွေလောက်
သဘောထားသေးသိမ်တယ်လို့ မထင်ပါနဲ့

နင်ချန်ခဲ့လို့ ကျန်ခဲ့တဲ့ ယောင်္ကျားတွေက
ဝမ်းနည်းမကျန်ခဲ့ပေမယ့်

နင်ငါ့ကို ချန်ခဲ့မယ်ဆိုရင် ငါ့ရဲ့
မနက်ဖြန်ဆိုတာ အနာဂတ်မဲ့သွားမှာပါ

ဒါပေမယ့်လည် ငါသိနေပါတယ်
နင်ချန်ခဲ့လို့ ကျန်ခဲ့မယ့် ငါ့အဖြစ်တွေကိုပေါ့

သောကမီး အလွမ်းမီးတွေ နဲ့ ပူလောင်နေတဲ့
ငါ့ရင်မှာ လောင်စရာမရှိတော့မဲ့ အဖြစ်ကိုပေါ့

ဒါတွေ သိနေတာတောင် နင့်အပေါ်ထားရှိတဲ့
ငါ့ရဲ့ အချစ်ကိုတောင် အံ့သြမိတယ်

ငါ့အချစ်တွေ အတုံးအရုံးကျရှုံးမှာ သိရက်နဲ့
မင်းကိုမြင်လိုက်ရင် ငါ့စိတ်တွေနူးညံ့လို့

သံမဏိလို မာကျောပါတယ် ဆိုတဲ ငါ့စိတ်
နင့်ရှေ့ရောက်ရင် ဖော့ဖယောင်းလိုနူးညံ့ခဲ့ရတယ်

သြော်.....
ကိုယ့်ကိုကိုယ်တောင် အံသြမိတယ်...

နေမထိ

ရှိုင်းမင်း


ညနေခင်းရဲ့အလင်းအိုက
ငါ့ရဲ့ ပျက်သုဉ်းခြင်းအတွက်ဆောင်ကြဉ်းခဲ့

နင်တို့နှစ်ယောက်ကို မမြင်ခဲ့ရင်တောင်
မျှော်လင့်ချက်ဆိုတာ ရှိနေမှာပဲ

အခုတော့ ငါ့မျှော်လင့်ချက်တွေ
အပူမပေးပဲ အရည်ပျော်ကုန်ပြီ

ဝေပာင်မှာ ပျံသန်းနေတဲ့ ငှက်တကောင်လို
ငါ့စိတ်တွေ ဦးတည်ရာမဲ့ကုန်ပြီ

နင်မမြင်စေတော့ရယ်လို တမင်ထိန်း
ငါ့ခြေလှမ်းတွေ နောင်လှည့်ခဲ့မိတယ်

ငါ့အသည်းမှာတော့ ငို.......။
နင်ကတော့ ပျော်လို့ပေါ့

ဒါပေမယ့် ငါမင်းကို မမုန်းပါဘူး
ချစ်မိခဲ့တဲ့ ငါ့ကိုယ်ငါ နာကျည်းမိတယ်
ကျရှုံးခြင်းနဲ့ ငါ့အတွက်...
ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုငါချမိတယ်
မထင်မှတ်လို့ အပြင်မှာဆုံခဲ့ရင်
နင်မမြင်အောင် လှည့်ထွက်ခဲ့မယ်လို့ပေါ့ပာာ.....

ငါမချစ်တော့ လို့တော့မပာုတ်ပါဘူး
နင့်ကို ချစ်တဲ့စိတ်ကြောင့် .....
နင်ပျော်ရွှင်ဖို့ ငါစဉ်းစားခဲ့တာပါ
ငါအတွက်နင်က အဝေးကနေချစ်နေရုံပါပဲ





နေမထိ

သိင်္ဂါလှိုင်(ကဗျာမြေသား)


အသည်းငို မျက်နှာနဲ့
ပြိုကျနေတဲ့ ကောင်းကင်
ငါ့စိတ်
ခြေချုပ်မိနေခဲ့ပေါ့ ။

ဗလာမဲ့ နေ့ရက်ကို
ဗန်ဂိုးရဲ့ အဝါတွေလွှမ်းခြုံထားတဲ့
စောင့်မျှော်ခြင်းများ
တနေ့ နေ့
တနေ့ နေ့ ဆိုတာနဲ့ ဖြေသိမ့်
အခုတော့
့ကြယ်တွေကို ဖမ်းချုပ်သိမ်းသွားတဲ့ ည
လမင်းလဲ ပုန်းရှောင်နေဆဲပေါ့ ။

မစဲနိုင်တဲ့ မျက်ရည်နဲ့
မကုန်နိုင်တဲ့ ဒုက္ခ
သံသရာမှာ ဘာတွေ မှားခဲ့လို့လဲ ။

လွန်ခဲ့သမျှ အမှား ကျေပါစေ
ပြုခဲသမျှ ဝဋ် ပြေပါစေ
တောင်းဆုတွေ ချွေလို့
မလွတ်လပ်တဲ့ စိတ် ဖြေသိမ့်နေခဲ့

တနင်္ဂနွေ နေ့ရက်
ငှက်လေးတွေ အစာမဲ့ နံနက်မှာ
ကိုယ်တို့ ……
အတူကုသိုလ်ပြုမယ်
သစ်ပင်မှာ စပါးနှံချိပ်ဆွဲလို့ ။

သိင်္ဂါလှိုင်(ကဗျာမြေသား)

ဒီလှိုင်း




အ ဝေး ရောက် လမ်း ပျောက် နေ တဲ့

သား စိတ် နဲ့ "" မေ မေ ""

နေ လို့ ကောင်း ပါ စေ ။ ။ ။


လွမ်း လှ ပြီ "" မေ မေ "" ရယ်

ရည် မှန်း ချက် နဲ့ ရည် ရွယ် ချက် က

တ ဖက် ။ ။ ။


သ တိ ရ စိတ် နဲ့ တမ်း တ စိတ် က

တ ဖက် ။ ။ ။


မူ ယာ မာ ယာ တွေ

များ လွန့်း လှ တဲ့

လော က ကြီး ထဲမှာ

""မေ မေ"" ရယ်

ဖြစ် နိုင် ရင် လေ ။ ။ ။


ဟိုးးးးးးး

တုန်း က လို

မေ မေ့ နှိုး စက် နဲ့

အိပ် ယာ ထ ။ ။ ။


မေ မေ့ ရင် ခွင် မှာ ""နား""

မေ မေ ပေး တဲ့ ခွန်

အား တွေ နဲ့ ။ ။ ။

"""သား လေ"""

ဘ ဝ ကို အ သစ်

ပြန် စ ချင် သေး ပါ ရဲ့

""မေ မေ""ရယ် ။ ။ ။


စိတ် ကူး ရင် ဆန် တယ် ပဲ ပြော ပြော
လုပ် ငန်း က အ ဆင် မ ပြေ
နေ လို့ ထိုင် လို့ မ ကောင်း တဲ့ အ ချိန် တွေ မှာ
မေ မေ ရေ သား တော့ နေ လို့ လို့ မ ကောင်း ဘူး
ဆို ပြီး မေ မေ့ ရင် ခွင် မှာ ဝင် ပြီး က လေး လေး တ
ယောက် လို ချွဲ နွဲ့ ဆိုး နွဲ့ လိုက် ချင် တယ် ဗျာ ။


 ဒီလှိုင်း

(အညာသား)



မျှော်လင့်ချက်တွေ များစွာနဲ့ငါ့ဘဝ

အိပ်ယာနိုးခဲ့ပါတယ် ဒါပေမယ့်

မင်းရဲ့ လှည့်ကွက်တွေကြားမှာပဲ

ပြယ်ပျောက်ခဲ့ရပေါ့..............

အိပ်ယာဝင်ပုံပြင်တွေလို ခနခန

ကြားနေရတော့လဲ မကြာခန

အိပ်မက်တွေမက်ခဲ့ပါတယ် လှပတဲ့

အာရုံဦးမှာပဲ လွင့်ပြယ်ပျောက်ခဲ့ရ

ဘ၀တဲ့ ဆန်းကျယ်တယ်ဆိုလို့

လျှောက်လှမ်းကြည့်တော့ မလှပခဲ့

ပါဘူး ခနခနပဲဒဏ်ရာရခဲ့ရတယ်

"ဘ၀ဆိုတာ တိုက်ပွဲတဲ့ " ရှေးမှု

တွေ ရှိနေလို့ ငါ့ကိုယ်ငါ အားတင်း

လျှောက်ခဲ့ပါတယ် လမ်းတစ်ဝက်မှာ

ဖြတ်ကြိုးချခဲ့လို့ ငါ့အိပ်မက်တွေ

အဝေးကိုလွင့်စင်ခဲ့ရပါပြီလေ........

တော်ပါပြီလို မာန်ဆွယ်ချိုးတော့

လက်ခုပ်တီးအားပေးမယ့်သူက

အနားမှာရောက်ရှိနေပေမယ့် ကူညီ

ဖေးမမယ့်သူမှာတော့ ရေပေါ်အရုပ်

ရေးနေဆဲ ထင်ရောင်ထင်မှားနဲ့

ငါရောင်မှားခဲ့တော့လဲ ဒုတိယ

တစ်ကြိမ်အလင်းပျောက်ခဲ့ရပေါ့

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်

ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်

သမိုင်းကိုယ်ဖောက်မယ်လို့

ဆုံးဖြတ်လိုက်တော့ နောက်ကျနေခဲ့

ပြီလေ "နောင်တ" တရားဆိုတဲ့

ခါးသီးမှု့ကြီးက ဘာလို့များငါ့ကိုယ်

ရစ်နွယ်နေရတာလဲ ငါ့ရဲ့လမ်းတွေ

ခါးသည်းခဲ့ရပေါ့...................


(အညာသား)

(အညာသား)



ငယ်စဉ်က နူးညံ့လှပေမယ့်

ကြမ်းတမ်းလွန်းတဲ့ အခက်ခဲ

ငါတစ်ယောက်ထဲ ရှုံးကန်ရင်း

မတ်တတ်ရပ်နိုင်ဖို့ကို ကြိုးစားခဲ့ရ

တာ အားကိုးစရာဆိုလို့ အဖေ့ရဲ့

လက်တစ်စုံကိုပဲ ဖက်တွယ်ခဲ့ရတယ်

အမေ့ရဲ့အရိပ်အောက်မှာ နွေ မိုး

ဆောင်း ရာသီတွေ ဘယ်လောက်

ပြောင်းပြောင်း မပြောင်းလဲပဲအေးမြ

တဲ့ နွေးထွေးမှု့ကိုခိုလုံရင်း......

လူလားမြောက်ခဲ့ရပေါ့ပညာသင်ချိန်

ကျောင်းမှန်တက်ဖို့ကြိမ်လုံကိုရှောင်

အမေ့သားတော်မောင်ဟာလဲပဲ

အဖေပေးတဲ့ ခွန်အားတွေနဲ့လောက

လမ်းပေါ်ဂုဏ်တင့်တယ်စွာရောက်ရှိ

လာခဲ့ပါပြီလေ..........

လောကဓံကိုကြံ့ကြံ့ခံပြီး ဘ၀ဆိုတဲ့

ဇာတ်ခုံကြီးပေါ် ကံကြမ္မာကြိုးဆွဲရာ

ကနေပေမယ့် "ငါသည်သာငါ့ပြိုင်

ဘက်" ဟု ငါတည်းဟူသောမာန

နှလုံးသွင်းကာ ဆင်ကောင်သွားရာ

လမ်းဖြစ်ဆိုသလို ငါ၏လမ်းကိုငါ

ဖောက်မည်ဟု အဖေပေးသော

သတ္တိကို ငါမွေးထုတ်ခဲ့၏။

ငါသည်သာအားကိုးရာ ငါသည်သာ

ငါ့ဘုရင်ဟုရင်တွင်းကြုံးဝါးထိုစကား

အား ရင်ထဲကျောက်စာကဗျည်းထိုး

ကာ ငါ့လက်ကလုပ်ထိုအလုပ်ဟာ

တန်းဖိုးရှိလှမိနဲ့ဖဖို့ငါအားလုပ်ကျွေး

ဒီအတွေးကို စွဲမြဲကာထားနေ့စဉ်

တ၍ ဆုတောင်းသည်မှာအခါခါ။

သက်ရှိထင်ရှားမိဘများအား

သမ္မာအာဇီဝကျကျ သားရဲ့ဘဝ

ချွေးစက် မြေသို့ကြွေအောင်ကျွေး

မွေးကာပင် အမေ့နို့ဖို့း တစ်စိတ်

တစ်ပိုင်းမျှကျေနိုင်ပါစေ.............

အဖေ့ကျေးဇူးတစ်စိတ် တစ်ပိုင်း

မျှ ကျေနိုင်ပါစေ........။



(အညာသား)

ထာဝရညလေး




မိုးထစ်ချုန်းစွာ ရွာနေတဲ့ည မှာဆို
အလွမ်းစိတ်ပိုလို့ မောင့်ကို သတိတရ
မှန်းဆ မျော်နေမိတယ်.. ကောင်းကင်ယံမှာ အုံ့မှိုင်းလို့ ကြယ်စင်ကလေးတောင် မှိတ်တုတ်မှိတ်တုတ်ကလေး အလှတွေမဆောင်နိုင်ဘူးမောင်...

မှော်ဝင်နေတဲ့ အခန်းကြီးထဲမှာ
စိတ္တဇ အပြုံးလေးတွေ ချွေနေရတယ်.
ခရေပွင့်လေးတွေ နွမ်းခြောက်လို့
မေ့ရဲ့ ခေါင်းအုံးလေးထက်မှာ
မျက်ရည်စမ်းစမ်းကလေးနဲ့
မေ့ကို နှစ်သိမ့်ပေးကြရှာတယ်...

ဟိုး...တစ်ချိန်က နွေးထွေးတဲ့ မောင့်ရင်ခွင်ကြားဆီမှာ ပုန်းခိုရင်း
ချစ်ပုံပြင်လေး မောင်က ခွန်းချွေလေတော့ ပီတိဖြာလို့
အဓိပ္ပါယ် ရှိတဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ မေ စိတ်ကူးယဉ်ခဲ့မိတယ်မောင်...


အခုတော့....
မောင့်ရဲ့ အပြောလေးတွေ နှလုံးသား
မှာ ပြန်ကြားရင်း ရင်ဘတ်တွေဆီက တိုးတိုးတိတ်တိတ် အသံလှိုင်းလေး
ပြုလာကြတယ် မောင်...


မြစ်တစ်စင်းနဲ့ ချစ်ခြင်းဖွဲ့သီ
ရိုးပြလမင်း ကြယ်စုံ လင်းဖြာ
တူပြိုင်ဖက်ပြုံး ရာသက်လုံးပင်
မုန်းမခင်သာ ချစ်ခြင်းဖြာဝေ..

ညင်သာတဲ့ အသံလှိုင်းလေးမှာ ရှိုက်သံလေးတွေ ပါနေတယ်ဆိုတာ
မေ သတိပြုမိလိုက်တယ်မောင်...

အချိန်ဆိုတဲ့ ပညတ်ချက်က ကြာညောင်းခဲ့ပေမယ့် ရင်မှာ အစဉ်တသက် မမေ့နိုင်တာကလဝန်းပမာ ရွှန်းလဲ့နေတဲ့ မောင့်
မျက်နှာလေးသာပါ ခုထက်ထိအောင်လည်း မေ ရင်ခုန်နေဆဲပါမောင်...


မြစ်၏သဘော ကျယ်ပြောကွေ့ကောက်
တွန့်လိမ်ခေါက်ခက် ဖြောင့်မတ်ကြည်သာ
ဘယ်မှာရှိလိမ့် ဤမူစိမ့်သော်
တုဖော်ဆိုငြား ချစ်ခြင်းတရားလည်း
ဖြောင့်တတ်မရှိ ခက်တတ်လေ၏

တဲ့ မောင်ရေ....

မောင့်အချစ်တွေက မြစ်တစ်စင်းလို
ကွေ့ကောက်ကျယ်ပြောလို့
မေ့ ရင်မှာ ပလောင်ဆူ
အလွမ်းဗျာပါဒတွေနဲ့ အဖော်ပြုရင်း
အထီးကျန် ဆိုတဲ့ ဘွဲ့နံမည်ကို
တံဆိပ်ကပ်ရတော့မယ် မောင်ရယ်...


မေတ္တာဆိုတာ
အတုံ့အလှည့်ရှိပါတယ်တဲ့
သို့ပေမယ့်လည်း မေ့ အတွက်
လမ်းတစ်ဝက်မှာ
အရောင်တွေစွန်းထင်းခဲ့ပြီမို့
ရောင်ပြန်ဟပ်ဖို့ မမျှော်လင့်ရဲတော့ဘူး မောင်..


ချစ်ခြင်းနဲ့ ဆွေမျိုးမကင်းဘဲ အချစ်တွေနဲ့အတူ မွေးဖွားလာခဲ့တဲ့
မေ့ အသည်းကိုပဲ အပြစ်တင်ပြီး
စာ ဖွဲ့ပါရစေ မောင်...
မောင့် ကို ပိုင်ဆိုင်လိုမူနဲ့ မချစ်တော့ဘဲ အဖြူစင်ဆုံး
ပေးဆပ်ခြင်းတွေနဲ့သာ မေ ဆက်ပြီး
ချစ်ပါရစေ မောင်ရယ်....


...ထာဝရညလေး....

(အညာသား)




ည ကျနော့်အတွက်တော့အရမ်း

မှောင်မိုက်နေခဲ့တယ် ကျနော်

တစ်ယောက်ထဲ ဖြတ်သန်းနေရင်း

မောပန်းနေခဲ့ပြီ မေမေ........။

ငယ်ငယ်ကလို ထမင်းဆီဆမ်း

ရွှေလင်ပန်းနဲ့ ပေးလှည့်ပါဦးလို့

တောင်းဆိုဖို့ကလဲ ဖိုးလမင်းမှာတိမ်

အတိဖုန်းလွှမ်းနေပြီလေ...........။

ငွေသော်တာရောင်မ၀င်းပပေမယ့်

ရွန်းပြနေတဲ့ ကြယ်စင်ရယ်က

ပိုးစုန်းကြူးအလား မှိန်ပြပြနဲ့လမ်း

ပြနေလေရဲ့။

ကျေးဇူးပါသခင်သင့်အလင်းရောင်

ဂုဏ်ရှိန်ဆောင်၍ကျွန်ုပ်အားလမ်းပြ

ထိုတစ်ညအား မျှော်မှန်းရာပန်းတိုင်

အရောက်လှမ်း၍ လျှောက်လှမ်းနေ

ဆဲပါလေ.........။

မုန်တိုင်းကထန် ပင်လယ်ကနက်

ဥာည့်ကနက်နှင့် ကူးခတ်နေဆဲဘဝ

ရဲ့ပန်းတိုင်ရယ်က အင်အားချိနဲ့နေပါ

ပြီမေမေ...........တစ်နေ့နေ့တော့

အရောက်လှမ်းနိုင်ပါ့.။



(အညာသား)

ထာဝရညလေး




သူငယ်ချင်း.........
အချစ်ဆိုတာ ငါနားမလည်ဘူး
ငါ့ရင်ထဲမှာ နင့်ကိုခဏခဏတွေ့ချင်တယ်...
ငါ့ နှလုံးသားက နင့်ကို စက္ကန့်တိုင်းမှာ
သတိရတယ်...
နင်ဘာလုပ်နေလည်း စိတ်ကူးမိတယ်...နင့် အကြောင်းလေးတွေ တွေးတွေးနေမိတယ်...
နင် ပြုံးနေတဲ့အချိန်ဆို ငါ လိုက်ပြုံးနေမိတယ်...
နင် ငါ့ကို သတိမရတဲ့အခါမှာတော့
ငါ အရမ်းစိတ်ညစ်တယ်...
နင့်ရဲ့ ပျော်ရွှင်နေတဲ့ မျက်ဝန်းလေးတွေမြင်ရင်
ငါ ကြည်နူးမိတယ်...
တစ်ခါတစ်လေ နင် ငါ့ကို စိမ်းကားပြီး
စကားမပြောရင် ငါတိတ်တိတ်ကလေး ငိုနေခဲ့တယ်...
နင့် ကိုသာ လွမ်းနေမိတာရယ်
နင့် ကိုသာ နှစ်သက်မိတာရယ်
နင့် ကိုသာ ငါ သံယောဇဉ် ပိုနေမိတာရယ်.....
ဒါတွေကလွဲပြီး ငါ ဦးနှောက်ထဲမှာ
တစ်ခြားအရာမရှိဘူး......
ဒီလိုဖြစ်ပေါ်မူတွေဟာ အချစ်ဆိုရင်တော့
ငါ နင့်ကို ..............................
...................................
.............................


...ထာဝရညလေး....

ထာဝရညလေး



အရှေ့အရပ်မှ
နေမင်းကြီး တိုးထွက်ခဲ့လို့
အရပ်ရှစ်မျက်နှာမှာ
နေရောင်ဖွေးဖွေးလေး
လှပစွာ ဝေဖြာ
မနက်ခင်းလေး ရောက်လာခဲ့ပြီရင်ခွင်ဦးရေ.....


ဘဝအမောတွေအတွက်
ဖေးမကူဖို့ အပြုံးတစ်ပွင့်နဲ့
မောနင်းလို့ စာလွှာလေး
ပါးအပ်လိုက်ပြီ
လုပ်ချင်တာထက်
လုပ်သင့်တာကို
ကြိုစားလုပ်ဆောင်ပါရင်ခွင်ဦးရယ်.....


ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့
သိက္ခာကိုစောင့်ထိန်း
အကျင့်စရိုက်ကောင်းအောင်နေပါရင်ခွင်ဦး
အဖြူရောင်စာရွက်လေးနဲ့တူတဲ့
အကျင့်စရိုက်က တစ်ခါလေး
စွန်းထင်းသွားရင်
ပြန် ဖြူအောင်လုပ်ဖို့ခဲယဉ်းတယ်ရင်ခွင်ဦးလေးရယ်....


မနေ့ကဆိုတာ အိပ်မက်
နက်ဖြန်ဆိုတာ စိတ်ကူး
ဒီနေ့ကသာ ဘဝ ဖြစ်လို့
မခုန်ခင် အရင်ကြည့်
စကားမပြောခင် အရင်စဉ်းစား
ဘဝဆိုတာ နွေဦးရာသီမှာပွင့်တဲ့
ပန်းလေးလို လန်းဆန်းလှပပြီး
သေခြင်းကတော့ ဆောင်းရာသီမှာ
ကြွေတတ်တဲ့ ရွက်ဝါလေးတဲ့ ရင်ခွင်ဦးရေ.......


တို့နှစ်ယောက် အနာဂတ်အတွက်
မျှော်လင့်ချက်တွေ အသက်သွင်းမယ်
မျှော်လင့်ချက်ကင်းမဲ့တဲ့ ဘဝဆိုတာမရှိဘူးလေ
လူတိုင်းမှာ မျှော်လင့်ချက်
ကိုယ်စီ ရှိကြစမြဲ
နိုးကြားတက်ကြွနေတဲ့
တို့ ရဲ့ အိပ်မက်တွေနဲ့
ဆူးခရီးလမ်းထက် ရဲရဲကြီးနင်းလျှောက်ကြမယ် ရင်ခွင်ဦးလေး.....


အမြင့်ဆုံး သစ်ပင်တွေဟာ
အားကြီးတဲ့ လေပြင်းဒဏ်ခံရသလို
ရည်ရွယ်ချက် ကြီးမားတဲ့ သူတွေလည်း
ကံကြမ္မာမုန်တိုင်းဒဏ်ကို ခံရတတ်သတဲ့ရင်ခွင်ဦးလေး...
ခိုင်မြဲတဲ့ တို့ရဲ့လက်တွေနဲ့ 
ပြတ်သားစွာ လက်ချင်းတွဲလို့
လောကဓံကို ကြံ့ ကြံ့ ခံနိုင်အောင်
ရင်ဆိုင်သွားကြမယ် ရင်ခွင်ဦးလေးရေ......


ပူလောင်မူနဲ့ ကြုံတွေ့ရလည်း
အားတင်းကာ ဆက်လျှောက်ကြမယ်
ဘာတွေကို ကြောက်နေရဦးမှာလဲ
တို့ နှစ်ယောက်မှာ အလိုဆန္ဒ ရှိနေတာပဲ
နည်းလမ်းရှာဖို့သာ ကျန်တော့တယ်
မမျှော်လင့်ထားတဲ့ အရာတစ်ခုက
မျှော်လင့်ထားသမျှ အရာအားလုံးကို
ကြေမွအောင် ဖျက်ဆီးတတ်သည်မို့
သတိတရား ရင်မှာထားလို့
တိုက်ပွဲတွေ ဆင်နွဲကြမယ် ရင်ခွင်ဦး......


မုန်တိုင်းကို လက်ခံပြီး
မျှော်လင့်ထားလိုက်ပါ ရင်ခွင်ဦးလေး..
အမှောင်တွေ ဝင်လာမှာကိုလည်း မကြောက်ပါနဲ့
အမှောင်ထဲက
အမှောင်ရယ် ပြီးဆုံးလေတဲ့ အခါမှာ
ရောင်နီဦးဆိုတာ
ပြန်ပေါ်လာစမြဲပါ ရင်ခွင်ဦးရယ်.....



ရင်ခွင်ဦးရေ.....
အကောင်းဆိုလည်း အတူတူ
အဆိုးဆိုလည်း အတူတူ
ဝေမျှ လို့ ခံစားသွားကြမယ်
မောင်တစ်ထမ်း မယ်တစ်ရွက်တဲ့
လက်ခုတ်ဆိုတာ လည်း
နှစ်ဖက်တီးမှ မြည်တာလေး
အသက်နဲ့ ခန္ဓာ မြေခသည့်တိုင်
ရင်ခွင်ဦးရဲ့ နံဘေးလေးမှာ
အန္တာရာယ်တွေ တွန်းလှန်သွားပါ့မယ် ရင်ခွင်ဦးရယ်......



အရမ်းချစ်ရတဲ့ရင်ခွင်ဦး
သိပ် မြတ်နိုးရတဲ့ ရင်ခွင်ဦး
ဒီမနက်ခင်းလေးမှာ
ဒီစကားလေး
မေတ္တာလက်ဆောင်
ပေးပို့ လိုက်ပါတယ်
ပြုံးကာ ပျော်လို့
စိတ်ကြည်နူးမူတွေ
ရရှိပါစေကွယ် ရင်ခွင်ဦးလေးရယ်.....


....ထာဝရညလေး.....

ရှိုင်းမင်း



တပည့်တော်၏...
လာမည့် မွေးနေ့တွင် ဆုတောင်းလေးတွေ
ပြည့်စုံပါစေ အရှင်ဘုရား......


အရှင်ဘုရား--

***ကိုယ့်ဘ၀ညဘယ်လိုမှောင်လည်း
***နေလရောင်ပမာရှေ့ဆောင်ပြသော
***အမေနဲ့အဖေ
***ငြိမ်းချမ်းမှု ဘေားသီကြွေလျက်
***မပျက်မယွင်း မအိုမင်း
***အသက်ရာကျော်ရှည်ပါစေ...ဘုရား

အရှင်ဘုရား--

***ဘ၀ဆိုတဲ့ ကျောင်းစာသင်ခန်းလေးထဲမှာ
***မေတ္တာဆိုတဲ့ ထီးလေးမိုးပြီး
***သစ္စာရှိစွာ ကူညီဖေးမခဲ့ကြသော
***သူငယ်ချင်းများအားလုံး
***လဲရာကထ ကျရာကတက်
***ပျက်ရာကရှေ့သို့လျှောက်၍
***ရောက်ရာဘ၀ အားမာန်ပြရင်း
***အောင်မြင်မှုဂုဏ်ကို
***ဆောင်ကြဉ်းနိုင်ကြပါစေ...ဘုရား

အရှင်ဘုရား---

***အပြင်မှာမမြင် စိတ်ကခင်
***အပြင်မှာမတွေ့ စိတ်ကသိ
***ခင်မင်ခဲ့ကြသော သူငယ်ချင်းများ
***တပည့်တော်အပေါ်
***ချစ်သူ မုန်းသူ မလိုမုန်းသူ
***ရှိခဲ့ရင်လည်း ထိုသူငယ်ချင်းအားလုံး
***ကိုယ့်လမ်းတာ ကိုယ်ဖန်တီး
***ကိုယ့်ခရီးကိုယ်သွား
***ကိုယ့်အား ကိုယ့်မာန်နဲ့
***ဖန်းမီးအိမ် ညှိကာထွန်းပါလို့
***ကြုံဆုံလာနိုင်သည့်ဘ၀ဆိုးမှာ
***တွန်းလှန်နိုင်ကြပါစေ...ဘုရား


နေမထိ(ရှိုင်းမင်း)
 

မာန်မိုးမြင့်



တိမ်တွေ အရောင်ပြောင်းပေမယ့်
ဒီစိတ်ကလေး ရှိနေတော့.......
ကိုယ်မပြောင်းလဲဘူး......................။

နေ့ မှ ည ပြောင်းပေမယ့်လည်း
ဒီစိတ်ကလေးရှိနေတော့....
ကိုယ်မပြောင်းလဲဘူး......................။

ရက် မှ လ ပြောင်းလည်း
ဒီစိတ်ကလေးရှိနေတော့......
ကိုယ်မပြောင်းလဲဘူး......................။

လ မှ နှစ် သို့ တရွေ့ရွေ့နဲ့ ရွေ့
ရာသီတွေပြောင်း
ခါနှောင်း အလွန်
မင်း ပြောင်းလဲပေမယ့်.....
ဒီစိတ်ကလေးရှိနေတော့....
ကိုယ်မပြောင်းလဲဘူး.......................။

အဲဒီ ချစ်ခဲ့တဲ့ စိတ်ကို
အရိပ်လို တစ်သက်ပို
တကယ်ဆို အလွမ်းတွေ ဆင့်ကဲ......
ရင်ဝယ်ထွေးပွေ့
မင်းအနမ်းတွေ ယနေ့ထိ မေ့မရခဲ့ပါဘူး..................။

မာန်။။။။

ရွက်သစ်


တိမ်တိုက်တစ်ခုကိုဆေးခြယ်
ငါ့ကိုနင်က..
လက်ဆောင်ပေးမတဲ့

နင်ပျော်ရင် ပြာလဲ့လဲ့ရောင်
ငါကလဲတိမ်ရောင်တွေကို
မြတ်နိုးနေခဲ့သတဲ့

နင်ငိုရင် မည်းမည်းမှောင်
ပြောင်းလဲတဲ့တိမ်တွေအရောင်
ငါကလဲ ငိုမိသတဲ့

တိမ်ပြာတွေဖန်ဆင်း
ငါ့ကောင်းကင်တွေတောက်ပစေခဲ့သူ

တိမ်ညိုတွေဖန်ဆင်း
ငါ့ကောင်းကင်တွေ ကွဲအက်စေခဲ့သူ

ချစ်တဲ့သူ ဖန်ဆင်းတဲ့ကောင်းကင်
တိမ်ရောင်တွေကြည့်နေယုံနဲ့တင်
ငါဆိုတာ ငိုသံဆိတ် ချစ်စိတ်နဲ့ တိတ်နေခဲ့ရသူ.......

ရွက်သစ်

မိုးတိမ်

                         

အရူးတစ်ယောက်လို့
သတ်မှတ်လိုက်ပါ
ဒီတစ်ညလုံး နှင်းစက်ပွင့်တွေကို
ခစားရင်း
ကြယ်တာရာတွေ ရေတွက်မယ် ။

အရူးတစ်ယောက်လို့
သတ်မှတ်လိုက်ပါ
အမည်မဖော်လိုတဲ့ ကျွန်တော်ချစ်သူနဲ့
နှစ်ဦးသားရဲ့
အနာဂတ်တွေကို
ကြယ်စင်တွေအတိုင်း စီရီလိုက်မယ် ။

အရူးတစ်ယောက်လို့
သတ်မှတ်လိုက်ပါ
ရွန်းလဲ့ကြည်ပြာသော မျက်ဝန်းတစ်စုံမှ
ကြွေလွင့်လာသော ဘာသာမဲ့စကားကို
ဘာသာပြန်ရင်း ကျွန်တော်ခဏ ခဏ
သေဆုံးခဲ့ဖူးသည်မှာ အမှန်ပါ ။


အရူးတစ်ယောက်လို့
သတ်မှတ်လိုက်ပါ
အိမ်မက်တချို့ကြောင့် လန့်နိုးမှုကို
မလိုလား၍
ဖိုးရွှေလမင်း ပြောပြမယ့်
ပုံပြင်ကိုသာ နားထောင်ဖို့ရန်
ကျွန်တော် ဆုံးဖြတ်လိုက်တယ် ။



မိုး တိမ်

Friday, October 18, 2013

ဒီ လှိုင်း

အောင် မြင် မှု့ လှေ ကား သို့

သ တိ နှင့် တက် ပါ ။

ဖြေး ဖြေး နဲ့ မှန် မှန် လေး တက် သွား ပါ ။

ကျော် လည်း မ တက် ပါ နဲ့ ။

ဆောင့် အောင့် လည်း မ တက် ပါ နဲ့ ။

ကိုယ့် ကိုယ် လည်း ဂ ရု စိုက် ပါ ။

လှေ ကား လည်း ဂ ရု စိုက် ပါ ။



လူ တွေ တော် တော် များ များ

အ လုပ် တော့ လုပ် နေ ကြ တယ်

ရည် ရွယ် ချက် နဲ့ ရည် မှန်း ချက် ဆို တဲ့

ပန်း တိုင် မ ထား ကြ ဘူး ။



ရည် ရွယ် ချက် ရည် မှန်း ချက် မ ထား တော့

ဘာ နဲ့ အ လား လာ တူ နေ လည်း ဆို တော့

ငှက် တစ် ကောင် ဝေ ဟင် မှာ တော့

ပျံ သန်း နေ ပါ ရဲ့ ။



ဘယ် ကို နား ရ မ လည်း

ဘယ် ကို ပျံ သန်း ရ မ လည်း

ဦး တည် ချက် မ ရှိ ဘူး ။



ဦး တည် ချက် မ ရှိ တော့

နောက် ဆုံး အ တောင် လည်း ညောင်း

ခွန် အား လည်း ကုန် ရော

အ မြင့် ဆို တဲ့ နေ ရာ က

ပြုတ် ကျ မှာ ပဲ ။



ကျ တဲ့ အ ချိန် အ ကျ

နာ လိမ့် မယ် ။


သူ ငယ် ချင်း တို့ရေ ဒီ ငှက် က လေး

လို အ ကျ မ နာ ရ အောင် ရည် ရွက် ချက် နဲ့

ရည် မှန်း ချက် ထား ပြီး ပန်း တိုင် သို့ လျှောက်

လှမ်း နိုင် ကြ ပါ စေ 






ဒီ လှိုင်း

အရမ်းချစ်တယ် အရမ်းမုန်းတယ်

ချစ်သူရေ....တို့နှစ်ယောက် ဘဝ

ဆိုတဲ့ တိုက်ပွဲကြီးကို လက်တွဲပြီး

ရင်ဆိုင်ကြမယ်နော်..............

မင်းလေးကဓားတစ်လက်ဆို မင်း

အပေါ်ကြရောက်လာမယ့် အန္တရာယ်

တွေကို အကာကွယ်ပေမယ့် ငါက

ဒိုင်းတစ်လက်ပေါ့ ချစ်သူ...........

မင်းလေးက လေးတစ်စင်းဆိုရင်

မင်းဆီရောက်ရှိလာမယ့် အန္တရာယ်

တွေကို လိုသလိုစိတ်ကြိုက်

ပစ်ခွင်းနိုင်ဖို့ ငါကမြှားတစ်စင်းပေါ့

မင်းလေးအတွက်ငါဟာ လိုတရ

တော့မဟုတ်ပေမယ့် မင်းအလိုရှိ

တိုင်း မင်းနဲ့အတူလက်တွဲဖြေရှင်းပီး

ဖြည့်ဆည်းပေးနေမယ့် သူပါချစ်သူ

မျှော်လင့်ခြင်းကင်းမဲ့စွာနဲ့ပေါ့........




အရမ်းချစ်တယ် အရမ်းမုန်းတယ်

လက်ျာ ကဗျာနန်းတော်

မျက်ဝန်းတွေကို မှိတ်ထားတယ်

စိတ်အတွေးတွေက မင်းရှိရာအရပ်ဆီရောက်ရှိနေတယ်

အသိနဲ့သတိဘယ်လောက်ရှိရှိ

တိုက်ဆိုင်မူတွေကြုံလာတိုင်း

လွင့်လွင့်သွားတဲ့ စိတ်ကူးအတွေးတွေ

တစ်ခါတလေလည်မဟုတ်တော့ဘူး ။

တစ်ခြမ်းပဲ့လလို့ မပြည့်စုံနိုင်တဲ့ မျှော်လင့်ချက်

တစ်ခြမ်းပဲရိုက်ခွင့်ရှိတဲ့ လက်ထပ်ဖိတ်စာ

ဖတ်သူမရှိတဲ့ကဗျာတွေ

ပန်သူမဲ့နေတဲ့ သစ္စာပန်းများ

တစ်လ ၊ နှစ်လ တစ်နှစ်၊ နှစ်နှစ် မဟုတ်တဲ့

ထပ်ခါထပ်ခါ တမ်းတရူးသွပ်ခြင်း

ပတ်ကြားအပ်နေတဲ့ မြေကြီးလို မျှော်လင့်ချက်တွေနဲ့

ည ည ဆို ရင်

ငါနှလုံးခုန်သံတောင် ငါကြောက်နေရတယ် ။

ရင့်ကျတ်ခြင်းတရားတွေ

အဖြစ်ပျက်သဘောတွေ ဘယ်လောက်ဟောဟော

မင်းနဲကပတ်သက်လာရင်

ငါဦးနှောက်က ကျွဲပါးစောင်းတီးသလိုဘဲ ။

ပို့လိုက်တိုင်းပြန်မရောက်လာပေမယ့်

ငါလက်တွေက Message တွေအခါခါပိုနေမိတဲ့အဖြစ်

အခုဆိုရင် အလွမ်းတွေက

နေမ၀င်အင်ပါယာကြီးတည်ဆောင်ဖို့ဆိုပြီးငါနှလုံးသားကို

သိမ်းပိုက်နေကြပြီ

သတိရခြင်းတွေနဲ့ငါဟာ အိပ်စက်နေရသူပါ

မမေ့နိုင်သူငါအတွက်

အလွမ်းဆိုတာ နွေညတွေလို ညတာရှည်လွန်းလှပါတယ် ။

နှလုံးတော့ခုန်နေသေးတယ် ချစ်ခြင်းရင်ခုန်သံတွေသေဆုံးသွားခဲ့ပြီ

အသက်တော့ရှုနေသေးတယ် မျှော်လင့်ချက်တွေ သေဆုံးသွားခဲ့ပြီ

သွေးတွေကတော့လည်ပတ်နေသေးတယ် အပျော်တွေပျောက်ဆုံးသွားခဲ့ပြီ

တကယ်ပါ ချစ်ရသူ

အခုငါ ဒီကဗျာတွေရေးရင်နဲ့ငိုနေတယ် ။

လက်ျာ ကဗျာနန်းတော်

ရှိုင်းမင်း


အထီးကျန်မို့ သည်းတန်ညှိုးနွမ်း
အပန်းဖြေဆို ဒီရင်မှာ...
ခိုဝင်စရာ အရိပ်ရှာစဉ်........

ပုလဲသွယ်နှယ် အလှကြွယ်သူ
ပန်းသဇင်နှယ် ယဉ်ကျေးသွယ်လျား
ပန်းလေညင်းနှယ် သင်းထုံကြွယ်သား
မေတ္တာများစွာ ရှိစေပါသူ

မိုးစွေရွ့ာစ နှင်းဝေသီခ
ရွက်ကြွေမြေခ သဘာဝမို့
လှအဆင်းနွယ် မယမင်းငယ်
မာယာကုဋေ နွဲ့ညူလေသူ

ပျပျမှုန်ရီဆောင်းပန်းချီမှာ
ကြည်သာမျက်ဝန်း ရွှန်းလဲ့အကြည့်
ရင်ထဲလှိုက်နွေး မျက်လုံးလေးများ
တအားနှောင်ညှို့ အသည်းကျွမ်းစေသူ

လပြည့်ဝန်းလျှင် ကန်ရေပြင်မှာ
တဒင်္ဂတွေ့ ခံစားတတ်လျှင်
လေပြေနုအေး သံချိုသွေးသည်
အသက်ရှုသံတောင် နှိုင်းယှဉ်မမှီသူ

စကားဖွဲ့နှော သူ့အပြောက
ဥသြပျိုငယ် တကယ်လွမ်းလို့
တမ်းစို့ရည်ရော် တေးညှို့လေသလား
စိတ်အစဉ်ဝယ် ထင်မှတ်စေသူ

တေးသီစမ်းမယ်လို
သကာနှုတ်ဖျား စကားချိုသာ
နှုတ်ခမ်းမှာ ငှက်ပြာနု
ရွှန်းစိုလဲ့ဖြာသူ

ရာသီအိုရင့် ကာလမြင့်ရှည်
ဇမ္ဘူမှာသတ်မှတ် အလှနတ်သမီး
သခင့်ဆံစ နုဖွဖွ ငွေပိုးမျှင်လို
တုနှိုင်းရန်မမှီသူ

ဘယ်ပန်းချီ နှောင်းစာဆို
လင်္ကာတစ်ပုဒ်နဲ့တောင်
ဖွဲနွဲ့၍ မမှီသူ
သြော်........
ချစ်ရပါသော ကျွန်တော့်ချစ်သူ....


နေမထိ

တော်ဝင် ( နတ်မောက် )


မာန နဲ့ သိက္ခာ ဆိုတဲ့

ခေါင်းစဉ် အောက်က

ငါရဲ့ ချစ် ချင်း မေတ္တာ ...

အပြစ် ကင်းစွာ စောင့်စား

နေတဲ့ အချိန်တွေ ဟာ

တဖြည်းဖြည်း နဲ့ တိုက်စား

တစစနဲ့ ပဲ့ကြွေ နာရီ တို့ရဲ့

ဝါးမြို မှုအောက်....

ငါ နောက်ကောက် ကျခဲ့ ပြီလား

ဒါဆို လဲ ငါ လှည့်ပြန် လိုက်ပ့ါ မယ်

အကြင်နာ မကင်း တဲ့

သံယောဇဉ် ကြိုးတွေ နဲ့

ချည်နှောင် မထားပါနဲ့ တော့

ငါ့ နှလုံးသား က ကြွေကျ ဖို့

တဲတဲ လေး ကျန်တော့ လို့ပါ .....။





တော်ဝင် ( နတ်မောက် )

Friday, October 4, 2013

ထက်ရွှေရည်

                                                                                     


လွမ်းဆွေးမှု များစွာနဲ့
တနေ့တာလည်း ကုန်ဆုံးလုပေါ့။

အတွေးများစွာ နယ်ချဲ့ရင်း
အော်..အုံ့တုံ့တုံ့ မိုးလေးလည်းးသည်း လို့ပေါ့။

ခံစားမှုတွေက လေထန်ကြားမှာ..
ကြိုးပြတ်နေတဲ့စွန် ငယ်လေးလို...လူးလွန့်လို့..ပေါ့။

ငြီးငွေ့မှု များစွာနဲ့...သတိရမိရင်းး
တွေးမိတဲ့ အတွေးက အော်..သူငယ်ချင်းရယ်..
နင် ရော ငါ့လို ..သတိရနေပါ့မလားး။

(မြူ)

သိင်္ဂါလှိုင်(ကဗျာမြေသား)


                                                                                   
အလကားဆိုတာနဲ့
တန်းစီနေတဲ့ ဓလေ့
အောက်ကြေး စိတ်တွေက
မြက်ပင်တွေလို အစီစီထွက်လာကြတယ်။
(ပေါင်သင်တုန်း ခဏပျောက်သွားတယ်)

အပြောကတော့ အရက်သမား အရက်သောက်ချိန်
လေပျို့သလို အထက်ဆန်လို့
ယိုသူမရှက် မြင်သူရှက်
ကြားရတာ အံချင်မိတယ်။

ဘာဖြစ်ချင်လဲ အကုန်ဖြစ်တယ်
ဘာရချင် အကုန်လုပ်ပေးနိုင်တယ်
တစ်ခုတော့ ကျွန်တော်ကို ကူညီပါ
မင်းကိုကူညီဖို့ ငါကိုအရင် ကူညီပါဆို
ရယ်စရာတွေပဲ တွေ့တွေ့နေရ
ဟားးးးးးးဟားးးးး
ရင်မချိ ရယ်သံနဲ့
မောနေမိတယ် မြန်ပြည်ရယ်။

ပါးစပ်က ဒီမိုကရေစီ လူ့ အခွင့်ရေး
ပြောပြော
ပြီးမှ အလှူအိမ်လှည့်စားတဲ့သူတွေ
မိုးကျပြီးတာနဲ့ အရှိုအရှိုထွက်လာတယ်။

ဒုက္ခဖြစ်တော့ ကူညီချင်တယ်မအားသေးလို့နဲ့
မရှိမှပေးချင်နေတဲ့သူတွေ
ရှိတော့ မေ့နေ
လေလေးနဲ့ လုပ်စားနေကြတဲ့ လောက။

ပေါ်လီယာနာလို မမြင်တွေးတတ်တော့
ရေပေါ်ဆီ အချောင်သမားတွေကို
ငါ………ကိုင်တုပ်နေချင်မိခဲ့တယ်။ ။
                                                      

 သိင်္ဂါလှိုင်(ကဗျာမြေသား)

သိင်္ဂါလှိုင်(ကဗျာမြေသား)

                                                                       
                                                                                 
လောကမသိမှုတွေက
မဲမဲ မြင် လှမ်းဟတ်နေတဲ့ ခွေးရူးတွေဖြစ်နေတော့
ဝမ်းစာတောင်ရဲရဲ မရှာရဲတဲ့ ဘဝ
ကမ္ဘာဦး က ဘဝတွေလို
သတ္ထုတောနဲ့ သစ်တော့ပဲကွာတယ်။

မွှေးထားတဲ့မီး
အသားမကင်ရ ငါးမကင်ရ
သတင်းမရ ဖြစ်နေတဲ့ အိမ်
ငါတို့တွေ က ငေးမျှော်နေရပေါ့။

တိမ်မဲတွေက ရွာလိုက်
တိမ်ဖြူတွေက ရွာလိုက်
မတိတ်နိုင်တဲ့ စနေမိုးရယ်။

အရိပ်ဆိုးတွေက ဒီနေ့ထိ ဆပ်နေရတာ
ကံကြမ္မာပဲ အပြစ်ဖို့ရမလား
လစ်ဆို့ လစ်ဆို့
ဆိုတိုင်း လစ်မရ အဖြစ်တွေ
ငါတို့တွေ ဘဝ
ဒီလိုနဲ့ အရိုးဆွေးရတော့မလား။

ဘာလဲ လောဘကြောင့်
ဟုတ်လား
အေး အဲဒီလောဘကပဲ
အိမ်မီးဖိုးလေး အနံထွက်
မိသာစုလေး ဝမ်းဝနေရတာ။

မဲမဲမြင် လိုက်ကိုက်နေတဲ့ ခွေး
ကာကွယ်ဆေး မထိုးပဲ
လမ်းလျှောက်သူပဲ အပြစ်ဖို့နေတော့
ကိုယ့်ထိုက်ကိုယ့်ကံ အတွေး
ဘဝ ဝမ်းရေး အတွက်
ခေတ်သစ် အမဲ လိုက်နေရတယ်။

                                                   

 သိင်္ဂါလှိုင်(ကဗျာမြေသား)

နွေမင်း

                                                                                    


ရာသီ အမှားတွေကြား
ဖျားနာခြင်းဟာ နာတာရှည်တယ်။

မိဝေး ဖဝေး သားသမီးတွေရဲ့
ပကတိ နှောင်းပိုင်းကာလမှာ
ကိုယ့်ဆေး ကိုယ်...ထည့်
ကိုယ့်ချွေးကိုယ်သုတ်ရင်းပါပဲ ။

အနာမကျက်သေးခင်
အစာငတ်ခဲ့တဲ့ နေ့ရက်တွေလဲရှိခဲ့တယ်
အဲဒီအခါ...
အမေကျိုပေးခဲ့တဲ့ ဆန်ပြုပ်အိုးလေးကို
သိပ်လွမ်းတယ် အမေ ။

အခုတော့လည်း
သား ......ဖျားနာလွန်းလို့
အပူမကျတဲ့အခါ...
ပြာတိပျာယာ ....အမေ့မှာလေ
တယုတယ ပွတ်သပ်ပေးတတ်တဲ့
အမေ့ရဲ့လက်ကလေးကိုပြန်လွမ်းရင်း
အားတင်းထားရတာပ ။

သဘာဝကျကျ...
သဘောကျကျ...
လောက နဲ့ အဆင်ပြေသွားအောင်
သား....
ဝေဒနာကို ဝေဒနာလို့မယူဆပါဘူး
ပတ်ဝန်းကျင်အပူမပေးချင်လို့
အားလုံးကို ပြုံးပြရင်း....
အားတင်းထားဆဲပါ အမေ ။

သားလဲ....
အသက်ရှင်နေဦးမယ်ဆိုရင်ပေါ့
အမေ့ရင်ခွင်ကြားမှာ...
တစ်ည လောက် မှေးစက်အိပ်ဦးမယ် အမေရဲ့ ။


နွေမင်း..။

ထက်ရွှေရည်

                                                                              


ကျွန်မ တို့နှစ်ယောက်က
ဆန့်ကျင်ဘက်တွေနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့ကြတယ်။

ဆန့်ကျင်ဘက်ဆိုမှ့တော့ အမြဲတန်းး တဂျတ်ဂျတ် ပေါ့..
ဒါပေမယ့် သူက ရန်ဖြစ်တာကိုမုန်းတယ်...
ကျွန်မလည်းရန်ဖြစ်တာကို ချစ်နေတဲ့သူမှ့မဟုတ်တာ...
....သို့သော်လည်း...ဆန့်ကျင်ဘက်ချစ်သူနှစ်ယောက်ကြားမှာ..ရန်ပွဲဆိုတာတော့ရှိနေတုန်းပါပဲ။

ဒါပေမယ့် ကျွန်မတို့ချစ်သူနှစ်ယောက် ချစ်သက်တမ်းက...ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့..
ခုထိတိုင်တည်မြဲနေဆဲပါ။......
ဆန့်ကျင်ဘက်တွေကြားက ကျွန်မတို့ အချစ်တွေရှင်သန်လာတာ..
ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေဝေ တာ နှစ်နဲ့ချီနေပီပဲ။

မိန်းကလေး ဖြစ်တဲ့ကျွန်မက လည်းချစ်သက်တမ်း ဒီလောက်ရှည်မယ်လို့မထင်မိသလို..
ရန်ဖြစ်တာ မုန်းသော ကျွန်မဧ။် ချစ်သောသူ သည်လည်း သတိမထားမိပေ။....

ဆန့်ကျင်ဘက်နှလုံးသားနှစ်ခုကြားမှာ..အချစ်ဆိုတာ ကြိုးတံတားဆို..
ကျွန်မထို ကြိုးတံတားလေးကို သံယောဇဉ် လက်ကျန်များနဲ့ ခိုင်မြဲစေချင်မိတာ အမှန်ပါ။...

ကျွန်မဘ၀ ထဲ တံခါးခေါက်ပြီးဝင်လာသော..သူ..
ကျွန်မသူ့ကို ကျောမခိုင်းရက်သလို...
သူသည်လည်း ကျွန်မကို လက်တွဲမဖြုတ်ရက်ပါစေ...နဲ့ဟု...ဆုတောင်းလျက်.....


မြူ

ထာဝရညလေး

                                                                                    


သွေးသား နှလုံးသားနဲ့

တည်ဆောက်ထားတဲ့အိမ်

ဖေဖေ့ရဲ့ အိမ်...

ဓားလည်းမရှိ

တံခါးလည်းမရှိတာလည်း

ဖေဖေ့ရဲ့ အိမ်....

ဘဝ ခရီး

ဆူးကြမ်းလမ်းထက်မှာ

ရင်ဆိုင်လို့ တိုက်ပွဲ

ဆင်နွဲရပါစေ

ဖေဖေ မမူ့ပါလေ ...

ဥတုရာသီဒဏ်ကိုလည်း

မကြောက်တဲ့အိမ်

ဖေဖေ့ ရဲ့ အိမ်...

ခိုင်ခံ့ခြင်း တည်မြဲခြင်းနဲ့

ဖန်တီးထားတဲ့အိမ်

ဖေဖေ့ ရဲ့ အိမ်...

ဖေဖေ့ရဲ့ နှလုံးအိမ်မှာ

ချစ်ခြင်းတရားအပြည့်

မေတ္တာတရားအပြည့်

စေတနာ ဂရုဏာတွေအပြည့်

ဖေဖေ့ရဲ့ အိမ်

ဖေဖေ့ရဲ့ အိမ်..........

...ထာဝရညလေး....

ထာဝရညလေး

                                                                                     


သူငယ်ချင်းဆိုတဲ့ ရုဏ်ပုဒ်တစ်ခုကို
အရှေ့ကတင်လိုက်ပြီး ငါ့ရဲ့နေ့ရက်တွေထဲ
တိတ်တဆိတ် ညင်ညင်သာသာ
တိုးဝင်လာခဲ့တယ်....


မကြာလိုက်ပါ အရှင်လတ်လတ်
ငါ့ နှလုံးသားကို ဖောက်ထုတ်
နှလုံးသွေးကို ဝိုင်တစ်ခွက်လို ဖျော်သောက်
စကားလုံးလှလှလေးတွေနဲ့ ငါ့ကိုသတ်လာတယ်....


အပြုံးပွင့်လေးတွေ ဟန်ဆောင်
ငါ့ရဲ့ နောက်ကျောကို ဓားနဲ့ထောက်
သွေးစွန်းနေတဲ့ ချည်မျင်လေးနဲ့
ငါ့ အသည်းကို ရစ်ပတ်တယ်...


ဝေဒနာတွေ ပြည့်နက်လို့
ကျဉ်းငယ်တဲ့ အခန်းထောင့်တစ်နေရာလေးမှာ
ငါ့ နှလုံးသားလေး တိုးညင်းစွာ
ငို ကြွေးနေရတယ်....


လိမ်ညာမူတွေနဲ့  နင့်လှည့်ကွက်အောက်မှာ
ငါ ရုန်းထွက်မရလှောင်ပိတ်နေပေမယ့်
ငါ နင့်ကို အပြစ်မဆိုရက်ပါ
ယုံလွယ်တတ်သူ ငါ့အတွက်
သင်ခန်းစာ တစ်ခုလို့ သတ်မှတ်တယ်ဟာ.....


အပြစ်မဲ့ပြီး ရိုးရှင်းဖြူစင်တဲ့
့ ငါ့နှလုံးသားလေးကိုတော့
ငါ့ ကိုယ်တိုင် သနားမိတယ်....


တစ်ခွန်းလေးတော့ ပြောပါရစေ
နင့် နှလုံးသားမှာ အနီရောင်တွေနဲ့
ဖုံးလွှမ်းနေတယ်..
ဖုံးလွှမ်းနေတဲ့အနီရောင်တွေ မပြယ်သရွှေ့
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေကို
ဘယ်တော့မှ...
နင် မြင်လာနိုင်မည်မဟုတ်ပါ သူငယ်ချင်းလေးရာ......


...ထာဝရညလေး...

ရှိုင်းမင်း

                                                                                 


ပိုင်ဆိုင်လိုမှုတစ်ခုတည်းအတွက်နဲ့
သူ့ကိုမလှည့်စားခဲ့ပါဘုရား...။

ချစ်မိသည်မှ ယခုအချိန်ထိ
ချစ်သူကို ကိုယ့်နံဘေးမှာထားပြီး
သူ့အတွက်သာ တစ်သက်လုံးပေးဆပ်သွားမယ့်
ပေးဆပ် ပိုင်ဆိုင်လိုခြင်း သက်သက်နဲ့သာ
ရည်ရွယ်ပြီး ချစ်ခဲ့တာပါ ဘုရား...။

သူနှင့်ပတ်သက်လာလျှင်
သံယောဇဉ်တရား မြူတစ်မှုန်မှ မပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရလွမ်းရ တသသနဲ့
နောင်တပာူသည် မရှိခဲ့ပါ ဘုရား...။

မေတ္တာ၏ စွမ်းအား
သစ္စာ၏ စွမ်းအား
မှန်ကန်သော စကားများကြောင့်
ဘုရားတပည့်တော် နားအလည်ရဆုံးလူ
သူ..သူ..သူ သည်
ပူပင်သောကကင်း ဆင်းရဲခြင်းမြူမျှမတွေ့
အားလုံးကိုမေံနိုင်၍
ချမ်းမြေ့ ကြည်နူးပါစေ ဘုရား


နေမထိ

ရှိုင်းမင်း

                                                                                  


ချစ်ရတဲ့သူရယ်...
ငါ့နှလုံးသားက မယုံရဲဘူး
တကယ်ပဲလား..
သံသယများစွာဖြင့်
ဒီကဗျာလေးနဲ့ မေးခွင့်ပြုပါ....။

ကျောခိုင်းရက်ပြီလား
ထာဝရ...
လမ်းမမြင်တဲ့ အပြန်လမ်း
တစ်ယောက်တည်း ထားခဲ့ပြီလား...
ဝေဒနာအမော သောကအပူ
ယူဆောင်လာပေးပြီလား...

မပြောလိုက်ပါနဲ့
နင့်နှုတ်ခမ်းဝက ဥပေက္ခာစကားတွေ
ငါ့ရင်ထဲက သိနေတယ်
မကြားပါရစေနဲ့
ငါနားပိတ်ထားမယ်...။
သစ်စိမ်းလိုချိုး မေ့ရက်တောင်မှ
နောင်ဘ၀အထိ..
စွဲလမ်းချစ်နေမယ်...
သည်ထက်ပိုသော မေတ္တာ
သည်ထက်ပိုသော အချစ်နှင့်ပေါ့...။


နေမထိ

ဒီလှိုင်း

                                                                             


မြင့် မိုရ် တောင် ကြီး က ပြော တယ်

ငါ က ကမ္ဘာ မှာ အ မြင့် ဆုံး တဲ့/////



ပင် လယ် ပြင် ကြီး က ထက် ပြော တယ်

ငါ က ကမ္ဘာ မှာ အ နက် ရှိုင်း ဆုံး တဲ့ /////



သ ဇင် ပန်း လေး က လာ ပြော တယ်

ငါ ဟာ ပန်း တို့ ရဲ့ ဘု ရင် တော် ဝင် တ တဲ့ လေ //////



နေ မင်း ကြီး က ဝင့် ကြွား စွာ ပြော သေး တယ်

ငါ ဟာ လူ သား အား လုံး ရဲ့ ကျေ ဇူး ရှင် ကြီး တဲ့ လေ ////



လ မင်း ကြီး က အား ကျ မ ခံ ပြိုင် ပြော တယ်

ငါ ဟာ အေး မြ ခြင်း ကို ဆောင် ခြင်း ည ချမ်း ရဲ့

လ ခြမ်း လေး နဲ့ တောင် ကမ္ဘာ မြေ ကြီး ကို အ လင်း

ရောင် တွေ ခွန်း ဆောင် တယ် တဲ့ လေ /////////



ကျ နော် က ပြော လိုက် မယ် မြင့် မိုရ် တောင် ကြီး နဲ့

ပင် လယ် ပြင် ကြီး တော် ဝင် တဲ့ ပန်း သ ဇင်

နေ မင်း ကြီး နဲ့ လ မင်း ကြီး တို့ ရေ ကျုပ် တို့

မိ ဘ မေတ္တာ နဲ့ တော့ တု နှိုင်း မ ရ ပါ ဘူး ဗျာ 



                                                              
ဒီလှိုင်း

ရှိုင်းမင်း


                                                                                  

တကယ်တော့ အချစ်ဆိုတာ
လူတွေရှေ့မှာ လက်တွဲလမ်းလျှောက်ပြမှ
အချစ်လို့မည်တာမပာုတ်သလို
အနီးအနားမှာရှိနေပေးမှ
အချစ်လို့မည်တာမပာုတ်ပါဘူး
ကိုယ်ကတော့ မင်းရဲ့အဝေးမှာ
ရှိချင်ရှိနေနိုင်တယ်..။

ဒါပေမယ့်...ချစ်ရတဲ့သူရယ်
ငါ့ရင်ထဲမှာ မင်းဆိုတဲ့
အရိပ်ထင်နေသ၍
ငါ့နှလုံးသားထဲမှာ မင်းနာမည်ကို
ရေးထိုးထားသ၍
မက်ဆေ့ခ်ျလေးတွေက
မင်းနဲ့တို့ကြားမှာ
ထပ်ထပ်ရစ်တည် ငွေပိုးသွယ်လို
ကေင်းကင်ယံကို ထိုးဆင်ထားတဲ့
သက်တံတံတားတစ်ခုလို မင်းကို
အမြဲသတိရနေတယ်ဆိုတာ
ခံစားသက်ဝင်နိုင်ပါတယ်ကွာ...။


နေမထိ

Friday, September 13, 2013

ဇင်မိုးကိုကို(စိတ်ပညာ)

                                                                                 

လိုတာထက်ပိုဖို့မပြောနှင့်
သူမနဲ့ကျနော်ကြား
မေတ္တာဆိုတာ ဘာလဲတောင်
သေချာမသိဘူး

မွေးကတည်းက
တစ်ယောက်တစ်နေရာဆီမလို့
သံယောဇဉ်ဆိုတာလည်း
ဘာမှန်းနားမလည်ခဲ့ဘူး

လွမ်းမိတယ်ဆိုပေမဲ့
ပြန်လာပါလို့
သူမကို မတောင်းဆိုခဲ့ဖူးသလို
သူမကလည်း ပြန်လာမယ်လို့
မပြောဖူးဘူး

အချိန်တန်လို့ ဖုန်းမလာတောင်
သူမနဲ့ကျနော် တစ်ယောက်ကိုတစ်ယောက်
အဖြစ်မသည်းဖူးဘူး

သူစိမ်းဆန်လှတဲ့
သူမနဲ့ကျနော်
ဘယ်သူမှမသိတဲ့ နှလုံးသားထဲမှာတော့
တစ်ဦးနှင့်တစ်ဦး အချစ်ဆုံးပဲဆိုတာ
သူမကော ကျနော်ကော
ယုံကြည်တယ်


သူမဟာ ကျနော့်အတွက်
တစ်ခါမှ မနူးညံ့ဖူးဘူး
ဒါပေမဲ့ အမြဲတမ်း
ရဲရင့်တယ်

ချစ်တယ်လို့ ဘယ်သူမှ
ဘယ်တော့မှ မပြောဖူးဘူး
ဒါပေမဲ့ သူမပြုသမျှဟာ ကျနော့်အတွက်
ကျနော့်ဖြစ်သမျှဟာ သူမအတွက်
ဝေးနေပေမဲ့ နှလုံးသားကဆက်သွယ်တယ်
စကားတွေ အများကြီးမပြောဖူးပေမဲ့
သူမနဲ့ကျနော် အားလုံးနားလည်တယ်

လွမ်းတာကိုလွမ်းတယ်မပြောဘူး
ချစ်တာကိုချစ်တယ်မဆိုဖူး
ဒါပေမဲ့ နှလုံးသားမှာ
သူမ ရှိတယ်

သိပ်ချစ်ပါတယ် မေမေ
သိပ်လွမ်းပါတယ် မေမေ

                                                             

 ဇင်မိုးကိုကို(စိတ်ပညာ)

လက်ျာ*ကဗျာနန်းတော် Vs စိုင်း မိုးဆက်မေ

                                                                           

ငါချော့တာခံချင်လို့ စိတ်ကောက်တယ်ဆိုတာ

ငါသိပါတယ်ချစ်သူ

ဒါပေမယ့်နင်စိတ်ကောက်ချိန်တိုင်း

ငါမှာခြေမကိုင်လက်မကိုင်မိနဲ့

နင့်ကြာကြာကြီးစိတ်ကောက်မှာကို

မိုးပြိုသလိုစိုးကြောက်နေရသူပါ ။


ငါချော့တာခံချင်လို့ စိတ်ကောက်တယ်ဆိုတာ

ငါသိပါတယ်ချစ်သူ

ဒါပေမယ့်လေ

ငါတို့နှစ်ဦးတွေ့ဆုံချိန်တွေက

ကုန်ဆုံးတာမြန်ဆန်လွန်းပါတယ်ဟာ

ဘာမဟုတ်တာလေးနဲ့အချိန်တွေကို ကုန်ဆုံးမခံပါနဲ့နော်

နင် စိတ်ကောက်တိုင်း ငါချော့နေကျပါ.....

နင်စိတ်အလိုမကျတိုင်း ငါချော့နေကျပါ......

. ငါ့အတွက် နင့်ကိုချော့ရတာ

အလုပ်တစ်ခုလိုဖြစ်နေပေမယ့် ငါမငြိုငြင်ပါဘူးချစ်သူ.....

ဒါပေမယ့် ကိုယ့်ချစ်သူ မျက်နှာလှလှလေး

မျက်မှောင်ကျုံ့လို့ အလှပျက်ပြီး

စိတ်ပင်ပန်းနေမှာကိုပဲ စိုးရိမ်မိတာပါ ချစ်သူရယ်.....။

                           လက်ျာ*ကဗျာနန်းတော် Vs စိုင်း မိုးဆက်မေ

ဒီလှိုင်း ( နတ်မောက်)

                                                                              

အ တိတ် တွေ ဟာ အ ဆိပ် လို

နာ ကြင် ရ ပြီ လေ

အင်္ကျီအ စိမ်း လေး အ ထက် မှာ

နေ့  စွဲ တ ခု ရေး ထိုး လို့

ကျိတ် ကျိတ် ပြီး ငို ခဲ့ ဖူး တယ် ////////


ဒီ ည တွေ ဟာ ဟို ည တွေ လို

မ လှ ပ တော့ ဘူး

ဒီ နေ့ တွေ ဟာ ဟို နေ့ တွေ လို

မ စို ပြေ တော့ ဘူး

ဒီ မ နက် တွေ ဟာ ကော် ဖီ တစ် ခွက် ကို

နှစ် ယောက် အ တူ တူ သောက် ဖူး တဲ့

နေ့ ရက် တွေ လို အ ဓိပ္ပါယ် မ ပြည့်

စုံ တော့ ပါ ဘူး /////////


ဒီ ချစ် ခြင်း မ ကုန် ဆုံး နို င် မှန်း

ငါ ကိုယ် တိုင် လည်း သိ ခဲ့ ပါ ရဲ့

"""ဒါပေမယ်လည်းလေ"""



                                                    

ဒီလှိုင်း ( နတ်မောက်)

လက်ျာ ကဗျာနန်းတော်

                                                                            


ငါဘယ်လိုနေနေ ဘယ်လိုဖြေဖြေ

တစ်နေ့တစ်ရက်မှ မမေ့မရတဲ့

ဒီရင်ထဲကအလွမ်းတွေ

အချိန်တွေကြာ ရာသီတွေပြောင်းပေမယ့်

ငါကတော့အခုထိ လွမ်းဆွေးနေရဆဲပါလေ

နာရီ ရက် လ တွေပြောင်းသွားတယ်

တိုင်ဆိုင်မူတွေကြုံလာတိုင်းအခုချိန်ထိ

ငါသတိရခြင်းတွေနဲ့အတူ

အလွမ်းတွေကိုမကုစားနိုင်သေးသူပါ

အမှတ်တရအရာတွေ က ပြန်မြင်တိုင်းပြန်တွေ့တိုင်း

မှတ်မှတ်ရရဒဏ်တွေဖြစ်မယ်ဆိုတာ

ကြိုမသိခဲ့တာ ငါရဲ့အမှားပါ

သတိရခြင်းတွေနဲ့အိပ်စက်မရတဲ့ညတွေတိုင်း

ခံစားကြေကွဲနေရတာတွေသက်သာလို့သက်သားညား

အလွမ်းကဗျာတွေ ငါရေးသားဖြစ်တယ်

လမ်းကြုံလို့ဘဲဖြစ်ဖြစ်ပေါ့ဟာ

အတူတူသွားခဲ့တဲ့နေရာတွေကိုရောက်ရင်လာကြည့်လိုက်ပါ

ကြေကွဲမျက်ရည်အလွမ်းတွေနဲ့အတူတူ

အတိတ်ကိုသတိရပြီး အထီးကျန်ခြင်းတွေနဲ့ငါရှိနေတယ် ။


                                                             
 လက်ျာ ကဗျာနန်းတော်

လက်ျာ ကဗျာနန်းတော် ၊ ကိုနွေ မင်း ၊ ဒီ လှိုင်း

                                                                              

ငါကမြတ်မြတ်နိုးပေးတဲ့

ရင်နဲ့ရင်းထားတဲ့ချစ်ခြင်းတစ်ခု

နင်အတွက်အပျင်းပြေစေဖို့

အသုံးချခံ ခဏတာပျော်တော်ဆက်တဲ့လား

ငါမြတ်မြတ်နိုးနိုး နင်ပန်ဆင်ဖို့ပေးတဲ့နှင်းဆီပန်းတစ်ပွင့်

နင်ကရက်ရက်စက်စက်မြေမှာနင်းခြေ

သြော်

အခုတော့ နှင်းဆီတွေမြေခကြွေကြရသလို့

ငါမျက်ရည်တွေနဲ့ငါနှလုံးသားတွေလည်ကြေမွပျက်ဆီးရပြီ

နင်ကမချစ်တဲ့သူ ငါကချစ်မိတဲ့သူ

ငါချစ်ခဲ့မိတော့ငါခံစားရတယ်

နင်မချစ်တော့နင်မခံစားရဘူး

နင့်ရဲ့အယောင်ဆောင်မူတွေကိုမှငါက

အစစ်မှန်လိုထင်ခဲ့မိတော့လဲ...............။

မျက်ရည် ကို မျက်ရည်လို့ မမြင်ဘဲ

နှလုံးသွေးတွေ ဖောက်ထွက်လာတယ်လို့မြင်ရင်

ချစ်သူ ငါ့ကို မုန်းနိုင်ပါဦးမလား ။

တကယ်...

ဘုရားစူး.....

မျက်ရည် တစ်ခါလည်ရင် အသဲတွေကြွေလာသလားမှတ်တယ်

ရင်ဘတ်တွေတစ်ခုလုံး စူးနစ်လို့...

နှလုံး ဟာ ပုံမှန်မဟုတ်တော့ဘူး .။

ဝမ်း နည်း တိုင်း တာ

လွမ်းတိုင်း သတိရတိုင်းသာ

ငို ကြွေး နေ ရင် လေ

ငါ့ မျက် ရည် တွေ

ခမ်း ခြောက် နေလောက်ပြီ

ဒါမှမဟုတ်ရင် ဧရာဝတီမြစ်လောက်ဖြစ်နေလောက်ပြီ

နင်မရှိဘူးဆိုတဲ့အသိက ငါရင်မှာအခါခါနာကျင်ခံစားရတယ်

နင်ထားရစ်ခဲ့တဲ့နောက် ငါဘ၀က လမထွက်တော့တဲ့ညတွေလို

ဒီ ည တွေ ဟာ ဟို ည တွေ လို

မ လှ ပ တော့ ဘူး

ဒီ နေ့ တွေ ဟာ ဟို နေ့ က လို

မ စို ပြေ တော့ ဘူး

ဒီ မ နက် တွေ ဟာ ကော် ဖီ တစ် ခွက် ကို

နှစ် ယောက် အ တူ တူ သောက် ဖူး တဲ့

နေ့ ရက် တွေ လို အဓိပ္ပါယ်

မပြည့်စုံ တော့ ပါ ဘူး ။ ။

လက်ျာ ကဗျာနန်းတော်ကိုနွေ မင်းဒီ လှိုင်း

Wednesday, September 11, 2013

ကဗျာ ရွာ

                                                                       


လောကကြီးကိုနှစ်ခြမ်းခွဲမယ်
မင်းက အရှေ့ဆို
ငါက အနောက်
(ဂူတစ်လုံးထဲ ခြင်္သေ့နှစ်ကောင် မအောင်းဘူးလေ)

ဘယ်အရာမဆို
တစ်လှည့်စီခံစားခွင့်ရှိမှာပဲ
မင်းဘက်မှာ နေပူရင်
ငါ့ဘက်မှာ မိုးရွာနေလိမ့်မယ်
(ဖြစ်ရိုးဖြစ်စဉ်ကို နေသားကျနေပါပြီ)
                                                                                        
ညည်းတွားဖို့လည်း မလိုတော့ဘူးလေ
သူ့နေရာ သူ့အထာနဲ့သူ
အားလုံးက အံဝင်ခွင်ကျ
လူဖြစ်စဉ်ကတည်းက ဒုက္ခ က စပြီးသား

စကောလောက်မှ စောက်မနက်ရင်
အဲလူနဲ့ လက်တွဲဖြုတ်လိုက် (ပျော်ပျော်ကြီးပေါ့)
ရောက်တဲ့ နေရာက ပြန်စ
လမ်းတွေက နင်အလာ ကို စောင့်နေလိမ့်မယ်
နောက်ပြန်မလှည့်ဖို့ အရေးကြီးတယ်

ဘေးကြပ် နံကြပ်
အခြေအနေဆိုးမှန်သမျှ
ရုန်းသာရုန်း အချိန်တန် နွားပိန်ကန်ပြီး
ဒုက္ခဆို တာ နဲ့ ရုံမကလို့ ကျွတ်ထွက်သွားလိမ့်မယ်
သူလည်း ဘာသားနဲ့ ထုထားတာ မှတ်လို့နော့
(ဟုတ်ဘူးလား?????????????)


                                             
ကဗျာ ရွာ
 

စစ်မင်းနေ

                                                               


ရထား တွေ ငြီးတွားနေကြတယ်
သူတို့ ဖိနပ်တွေ မကောင်းလို့မဟုတ်ဘူး
သူတို့လမ်းတွေ မညီလို့တဲ့
သူ့ခမျာ ပြေးရရှာတယ်...တောင်ပြေးလိုက် မြောက်ပြေးလိုက်
အောက်ဆင်းလိုက် အပေါ်တက်လိုက်
သူ့ဖိနပ်နဲ့နင်းတဲ့ လမ်းတွေလည်း ကျယ်လာလိုက် ကျဉ်းသွားလိုက်နဲ့
နောက်ဆုံး သူမပြေးနိုင်လို့ လှဲအိပ်တော့မှပဲ
သူ့ဗိုက်ထဲက လူတွေ ဒုက္ခတွေ ပိုးပြီး ထွက်လာကြတယ်
အချို့က ညှပ်နေတုန်းပဲ
အချို့က အသက်တွေ ပျောက်လို့
အဲ့ဒါ ရထားရဲ့လမ်းကြောင့်လား
ရထားကြောင့်လား....။ ။



                                         
 စစ်မင်းနေ

မိုး ငယ်



                                                                  
မျက်ရည်တစ်စက်ရဲ့
တန်ဖိုးဆိုတာ
ကျဖူးတဲ့လူမှ ခံစားတတ်မှာပေါ့ ……
ရင်တစ်ခုလုံးကွဲကြေနေမှတော့
မျက်ရည်ကျတာ မဆန်းဘူးမို့လား ……
စိတ်ဆိုတာ ထားတတ်ရင်မြတ်ပါတယ် …… တန်ဖိုးကြီးတဲ့အရာတစ်ခုကို တစ်သက်စာ ပိုင်ဆိုင်ခွင့် ပေးခဲ့လို့ …
မင်းကို ……
ကျေးဇူး …… အရမ်း …… တင်ပါတယ် …………… လို့ ………

*မိုး ငယ် *
(မိုးငယ်လေး)

မာန(သွေးသောက်)


                                                            
         

အချစ်ဆိုတဲ့အရာ
နှစ်ကမ္ဘာကခြားတောင်
ပျောက်ကွယ်မသွားပါ
ယခုကမ္ဘာမှာ
အချစ်ဆိုတဲ့အရာ
အနှစ်တွေမပါ
မာယာတွေနဲ့
မြူးလွန့်ကာ
ပျံဝဲနေကျတာ
တစ်ဖက်ကလူကို
စာနာသနားငဲ့ညာပေးကျပါ
အချစ်ဆိုတဲ့အရာကို
ကလေးကစားစရာလို့
တွေးထင်နေသလား.......
တကယ်ချစ်တဲ့သူတွေသာ
အချစ်ဆိုတဲ့အရာ
ထွေးပွေ့ထားချင်ကျတာပါ


                                          မာန(သွေးသောက်)

ဒီလှိုင်း ( နတ်မောက် )

                                                                     
                                                                
သူငယ်ချင်း

မင်းဘဝရဲ့တန်ဖိုးရှိတဲ့

အချိန်လေးကို

ဘာမဟုတ်တဲ့

အချစ်ဆိုတဲ့

အရာနဲ့

တန်ဖိုးမဖြတ်လိုက်ပါနဲ့//////


                                            

 ဒီလှိုင်း ( နတ်မောက် )

Monday, September 9, 2013

ရှိုင်းမင်း

ကျွန်တော်ရဲ့ ကဗျာချစ်သူ website နှင့်
အချစ်ကြောင်းရောက်တတ်ရာရာ Page
ပေါ်တွင်တင်ထားသော ကဗျာများကို
ယူသုံးခွင့် ပေးသော ကဗျာနန်းတော် Page မှ
ကဗျာဆရာ များသာမက အခြားသော Page မှ
ကဗျာဆရာများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
အစ်ကို အမ တို့ရဲ့ ကဗျာတွေလည်းဒီထက်မက
အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ကျွန်တော်ကိုယ်တိုင်ရေးသားသော ကဗျာများကို
မပြတ်တင်ပေးသွားပါမည် ခင်ဗျာ.....

                                             ရှိုင်း(ရှိုင်းမင်း)
                                                
                                                       Moe Sat Laypyay
                                       laypyayshineminhtet@gmail.com

ကဗျာချစ်သူ website အတွက် app လေးနော်

ကျွန်တော်ရဲ့ ကဗျာချစ်သူ website ကို အခုထိအားပေးတဲ့ သူငယချင်းမိတ်ဆွေများအားလုံးကို
ကျေးဇူးတင်ပါတယ်...အခုကတော့ website လေးအတွက် android app လေးကို ထုတ်လိုက်ပါပြီနော်
မျက်စိ အညောင်းခံ ကဗျာတွေကို ခံစားပေးတဲ့ သူတွေ အားလုံးအားလုံးကို ကျွန်တော် ကဗျာချစ်သူ website က အထူးကျေးဇူးတင်ရှိပါတယ်နော်....။
ကဲ..ကျေးဇူးတင်နေတာနဲ့ မပြီးသေးဘူး  အောက်ကနေ download လုပ်လိုက်ပါအုံးနော်

                                                          ဒေါင်းရန်

Pan Zin


   
                                                                 
^^ကျေးဇူးပါ ချစ်သူ .....

^^ရယူခြင်း ပိုင်ဆိုင်ခြင်းတွေနဲ့ တသီးတခြားစီ

^^မြတ်နိုးစွာပဲ ချစ်နေပေး လို့............

^^ကျေးဇူးပါ ချစ်သူ

^^ငါ့ ရဲ့အားနည်းချက်တွေကို ချစ်စရာအဖြစ်သက်မှတ်ပေးလို့...


^^ကျေးဇူးပါ ချစ်သူ

^^ငါ့ ရဲ့တောက်ပတဲ့ အနာဂတ်လေးကို ပိုင်ဆိုင်ခွင့်ပေးလို့....

^^အိမ်မက်နှစ် ခုထပ်တူကျဖို့ ဆုပ်ကိုင်ထားတဲ့

^^နင့် လက်တစ်စုံကြောင့် ငါ ရင်ဆိုင်မဲ့

^^မနက်ဖြန်တိုင်းအတွက် ခွန်အားတွေရှိနေခဲ့ပြီ ............

^^အရာရာတိုင်းအတွက် ကျေးဇူးပါပဲ ချစ်ရသူ ရေ ........^^


                                                     (Pan Zin)

နွေမင်း

                                                                   


ခက်တယ်..
ငါ ..ဆိုတဲ့ ကောင်က
ခပ်နွမ်းနွမ်း မာနလေးတစ်ခုတောင်မှ
ထုတ်ပြဖို့ မရှိဘူး..။

မေတ္တာတွေဘဲ
ရေစီးကမ်းပြိုလိုက်အောင်
ပေးတတ်တဲ့ ကောင်..။

ခုတော့...
ကမ်းသာ..ပြိုသွားတယ်
ဘယ်သူက ကျေးဇူးပါပြောသွားလို့လဲ.။


                                      နွေမင်း..။

လက်ျာ ကဗျာနန်းတော်

                                                                   


ဘယ်သွားသွား

ဘာတွေလုပ်လုပ်

သတိတရ လွမ်းတဲ့ အလွမ်းတွေကို

ဘယ်လိုဖြေဖြေ

လွမ်းတာက လွမ်းတာ ပါဘဲလေ

တကယ်ပါ

ငါအလွမ်းနဲ့ မျက်နှာသစ်တယ်

အလွမ်းနဲ့ အိပ်ယာဝင်တယ်

ချစ်သူရေ............

ဘယ်သူတွေ မသိသိ ငါလွမ်းတာကို

မင်းသိရင်

ငါလွမ်းရကျိုးနပ်ပါပြီလေ.............။ ။

                                        လက်ျာ
  ကဗျာနန်းတော်

ဒီလှိုင်း (နတ် မောက်)

                                                                 


နင် မ လို ချင် လို့

ပစ် ခဲ့ ပြီး မှ တော့

ဒု တိ ယ လူ လဲ မ

ဖြစ် ချင် တော့ ဘူး /////////


ပြော ပါ ဟာ••••••••

ငါ ဘာ မှား ခဲ့ လို့ လဲ

ငါ တ ကယ် မှား ခဲ့ ရင် တောင်

အဲ ဒီ အ မှား လေး တ ခု ကို နင်

ခွင့် လွှတ် ပေး လို့ မ ရ

ဘူး တဲ့ လား ///////////


ထား ပါ ဟာ ••••••••

ငါ က နင့် အ တွက်

ဘာ မ ဟုတ် တဲ့ အ စုပ်

ပ လုပ် သုံး စား မ ရ တဲ့ ကောင်

ပုံ ပြင် တ ပု ဒ် လို သ ဘော

ထား လိုက် ပါ တော့ ///////////


ဟား ပါ ဟာ•••••••••

ငါ နင့် ကို သ တိ ရ စိတ်

အ ကျင့် ပါ နေ လို့ ဖုန်း

ဆက် မိ တဲ့ အ ခါ ငါ့ ကွယ်

ရာ မှာ နင် က ဟား တိုက် လို့

ရယ် နေ မှာ ပေါ့ ရယ် ပါ

"ရ ပါ တယ်"

ရယ် ရယ် ရယ် ရယ်

နင် ပျော် ဖို့ အ တွက် ပဲ လေ////////////
 

                                               
ဒီလှိုင်း (နတ် မောက်)