ငါကမြတ်မြတ်နိုးပေးတဲ့
ရင်နဲ့ရင်းထားတဲ့ချစ်ခြင်းတစ်ခု
နင်အတွက်အပျင်းပြေစေဖို့
အသုံးချခံ ခဏတာပျော်တော်ဆက်တဲ့လား
ငါမြတ်မြတ်နိုးနိုး နင်ပန်ဆင်ဖို့ပေးတဲ့နှင်းဆီပန်း
နင်ကရက်ရက်စက်စက်မြေမှာနင်းခြေ
သြော်
အခုတော့ နှင်းဆီတွေမြေခကြွေကြရသလို့
ငါမျက်ရည်တွေနဲ့ငါနှလုံးသားတွေလ
နင်ကမချစ်တဲ့သူ ငါကချစ်မိတဲ့သူ
ငါချစ်ခဲ့မိတော့ငါခံစားရတယ်
နင်မချစ်တော့နင်မခံစားရဘူး
နင့်ရဲ့အယောင်ဆောင်မူတွေကိုမှငါ
အစစ်မှန်လိုထင်ခဲ့မိတော့လဲ.....
မျက်ရည် ကို မျက်ရည်လို့ မမြင်ဘဲ
နှလုံးသွေးတွေ ဖောက်ထွက်လာတယ်လို့မြင်ရင်
ချစ်သူ ငါ့ကို မုန်းနိုင်ပါဦးမလား ။
တကယ်...
ဘုရားစူး.....
မျက်ရည် တစ်ခါလည်ရင် အသဲတွေကြွေလာသလားမှတ်တယ်
ရင်ဘတ်တွေတစ်ခုလုံး စူးနစ်လို့...
နှလုံး ဟာ ပုံမှန်မဟုတ်တော့ဘူး .။
ဝမ်း နည်း တိုင်း တာ
လွမ်းတိုင်း သတိရတိုင်းသာ
ငို ကြွေး နေ ရင် လေ
ငါ့ မျက် ရည် တွေ
ခမ်း ခြောက် နေလောက်ပြီ
ဒါမှမဟုတ်ရင် ဧရာဝတီမြစ်လောက်ဖြစ်နေလောက်ပြီ
နင်မရှိဘူးဆိုတဲ့အသိက ငါရင်မှာအခါခါနာကျင်ခံစားရတယ်
နင်ထားရစ်ခဲ့တဲ့နောက် ငါဘ၀က လမထွက်တော့တဲ့ညတွေလို
ဒီ ည တွေ ဟာ ဟို ည တွေ လို
မ လှ ပ တော့ ဘူး
ဒီ နေ့ တွေ ဟာ ဟို နေ့ က လို
မ စို ပြေ တော့ ဘူး
ဒီ မ နက် တွေ ဟာ ကော် ဖီ တစ် ခွက် ကို
နှစ် ယောက် အ တူ တူ သောက် ဖူး တဲ့
နေ့ ရက် တွေ လို အဓိပ္ပါယ်
မပြည့်စုံ တော့ ပါ ဘူး ။ ။
လက်ျာ ကဗျာနန်းတော် ၊ ကိုနွေ မင်း ၊ ဒီ လှိုင်း







0 comments:
Post a Comment