ညမှာ လူတွေအိပ်ကြတယ်
ဒါနဲ့ မင်းသိလား
ဒီဆောင်းမှာ ငါပလပ်ကျွတ်တယ်
မင်းကိုအရမ်းသတိမရဖို့ဆိုပြီး
ငါ့စိတ်ကလေး ဂျင်လိုလှည့်
အားကုန်လို့ရပ်သွားတဲ့ အချိန်အိပ်မယ်
နေ့တွေ ညတွေ တံဆိပ်မကပ်တော့ဘူး။......။
ဆောင်းသစ်(သီပာလွင်)















