မင်းရဲ့ မျက်ဝန်းတွေက
ဖြူစင်သလောက်
မင်းကိုကြည့်တဲ့
ငါ့ရဲ့မျက်ဝန်းတွေကတော့
ပန်းနုရောင်သန်းနေတယ်...သူငယ်ချင်းရယ်
တတ်နိုင်သလောက်တော့
ငါ့ရဲ့အချစ်တွေကို
မင်းမမြင်နိုင်အောင်
အဖြူရောင်ပုဝါလေးနဲ့
လွှမ်းခြုံထားပါတယ် သူငယ်ချင်းရယ်..
ငါမင်းဆီက
မျှော်လင့်တာဆိုလို့
မင်းရဲ့အနားမှာ
အမြဲရှိခွင်လေး သက်သက်ပါ...သူငယ်ချင်းရယ်
ချစ်သူ(၀င်းချစ်ကို)











