This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Friday, September 6, 2013
****ငါ့ဆန္ဒ****
တ ကယ် လို့ တာ ငါ ဟာ
တိမ် တိုက် လေး တခု ဖြစ်
ဆို ရင် လေ ပြေ လေး တွေ
ခေါ် ဆောင် တဲ့ အရပ် ကို
အေး ချမ်း စွာ လွင့် မြော
သွား လိုက် ချင် တယ် //////
တ ကယ် လို့ ငါ ဟာ
ဖိုး ရွှေ လမင်း ကြီး ဖြစ်
ခဲ့ မယ် ဆို ရင် နေ မင်း
ကြီး ရဲ့ တန် ပြန် အလင်း
ဓါတ် တွေ နဲ့ လေ က ကြီး
တ ခု လုံး ကို လမ်း ပြ ပေး
လိုက် ချင် တယ် ////////
တ ကယ် လို့ ငါ ဟာ
ငါ ပဲ ဆို ရင် ကိုယ့် အား
ကိုယ် ကိုး ပြီး အား ပြု
ချင် တယ် /////////
ပိုး စုန် ကြူး လေး တွေ
လို ပေါ့ ကိုယ့် ဘ ဝကို
ကိုယ် ပိုင် အ လင်း ရောင်
လေး နဲ့ အ သက် ဆက်
ချင် တယ် //////////
ဒါ ဟာ ငါ ဖြစ် ချင် တဲ့
ငါ့ ဘ ဝ "ငါ့ဆန္ဒ" တွေ
ပေါ့ /////////////
(စိုးမင်းထွန်း###နတ်မောက်)
***ငယ်ချစ်ဦး****
နှစ်တွေကြာညောင်း -
ဘယ်လိုပင်ဟောင်းစေ တော့ နှင်းတွေကြားမှာ
ဒို့ရှိခဲ့ဖူးတဲ့နေရာ မိုးရေ
တွေကြားမှာ ဒို့လျှောက်
ခဲ့ဖူးတဲ့နေရာ !!!!!!!!!!!
နှစ်လွှာပေါင်းမှ တစ် ရွက်
စွယ်တော်ရွက်ကို ဥပမာ
ထား နှစ်ယောက်ကို တစ်
ဘဝရယ်လို့ ယုံကြည်မှု
တွေ အပြန်အလှန်ထား
မြတ်ဘုရားထံပါး
ဆုပန်ခဲ့ဖူးတဲ့နေရာ//////
မေ့နိုင် ပါဘူး
"ငယ်ချစ်ဦး" ရယ်
ကာလဟာ ဘဝအား
နင်းလျှောက်ခဲ့ပေါ့ \\\\
ဝေဒနာတွေသာ အပိုင်
စားရလိုက်သည့်နှယ်
"ငယ်ချစ်ဦး"ရယ်သိပါ
စေ ကွယ် ////////
(felling ) ရည်စားဟောင်း
လွမ်းချင်း
(စိုးမင်းထွန်း###နတ်မောက်)
ညီမငယ်......
သ နပ် ခါး ပါး ကွက် လေး နဲ့
ညီ မ ငယ်
ပြုံး စိ စိ လေး နဲ့
ချစ် စ ရာ ကွယ်
သူ့ ခေါင်း ထက် က
စံ ပယ် ဖြူ ရယ်
ဘု ရား မှာ ကပ် လှူ ဖို့
ရောင်း ရှာ တယ်
များ သူ ငါ တို့ ရယ်
ဘု ရား လှူ ကြ ဖို့
ဝယ် စို့ ကွယ် •••••••••••
စိုးမင်းထွန်း###နတ်မောက်
****အ ဝေးမြေ မှ ချစ်မေ မေ****
မေ မေ
လက် ဝိုင်း လို့ နှိုင်း ပြ မ ရ တဲ့
မေ့ မေ့ မေတ္တာ ဘယ် လောက် ကြီး မား လည်း မ သိ ပေ မယ့် ///////
စာ ရွက် ပေါ် မှာ မေ မေ လို့
ရေး မိ သာ တောင် သား ရင် ထဲ
မှာ နွေး ထွေး နေတယ် မေ မေ /////////
မေ မေ
အိမ် အို ဟောင်း နဲ့
မေ မေ့ ဈေး တောင်း လေးလည်း
ပြင် သူ မဲ့ လို့
အ မိုး ပေါက် အကွတ် တွေ ပြေ
အ နား တွေ စုပ် နေ ရော့
မ လား မေ မေ //////////
မေ မေ
မ မြင် တာ ကြာ အ မေ့
ရုပ် လွှာ ဆံ ဖြူ သွား ကျိုး
ပါး ရေ တွေ တွန့် လို့
သား လာ မယ့် ရွာ အ ဝင် လမ်း
တ မာ တန်း နဲ့ ထန်း တော လေး
ဘေး မှာ ဝေ ဝါး တဲ့ မျက် ဝန်း
တွေ နဲ့ စောင့် ကြို နေ မလား မေ မေ///////
မေ မေ
ကုန် ဆုံး သွား တဲ့ နှစ် နဲ့ လ တွေ
ရေ တွက် ကြည့် ရင် ဖုန်း ထဲ မှာ
ကြား ရ တဲ့ မေ့ မေ့ အ သံ လေး တောင်
ဟို အ ရင် မေ့ မေ့ သား မ လေး ရှား ဆိုတဲ့
နိုင် ငံ ကြီး မ သွား ခင် ကြား နေ ကြ
စွာ ငေါက် ငေါက် နဲ့ မေ မေ့ အသံ လေး
မ ဟုတ် တော့ တ လို ပဲ မေ မေ ///////////
မေ မေ
ဇာ တိ ချက် ကြွေ အ မိ မြေ က
ဒီ မိုး အကုန်
ဟေ မာန် ဆောင်း နှင်း
နွေ ဦး ရဲ့ လေ ရူး တွေ နဲ့ အတူ
မေ မေ ရှိ ရာ ဌာ နေ ဟောင်း
ရွာ အ ဝင် တ မာ တန်း နဲ့
ထန်း တော လေး ဘေး မှာ
အလွမ်း များ နဲ့ ဆီး ကာကြို
သား လာ မယ့် ဒီ လမ်း လေး မှာ
လှမ်း မျှော် လို့ စောင့် ကြို နေ မလား
အ ဝေး မြေ က ချစ် မေ မေ ///////////
မေ မေ ဆိုတဲ့ စကား လေး တခွန်း ဟာ ဘယ်
အချိန် ခေါ်ခေါ်မ ရိုး နိုင် တာ မေ မေ ပါ ပဲ ဗျာ
ကျနော်တို့ သားသမီး တွေ ဟာ အဝေး ရောက်
လေလေ အမေ့ရဲ့ မေတ္တာ အမေ့ ရဲ့ တန်းဖိုးကို
ပို ပြီး သိတက်လာလာကြတယ်ဆိုတာမမှား
ဘူးထင် တယ် နော်
ကျနော် အနေနဲ့ ဒီနေရာလေး ကနေ ဒီစာလေးနဲ့
အမေရှိသောသူဖြစ်အမေမရှိတော့တဲ့လူဖြစ်စေ
အမေ့ရဲ့မေတ္တာ အမေ့ရဲ့ တန်ဖိုးကိုနားလည်နိုင်ကြ
ပါစေလို့ဆုတောင်ပေးလိုက်ပါတယ်ခင်ဗျာ)))))))))
စိုးမင်းထွန်း ###နတ်မောက်
လမ်းခွဲ....
ငါနင့်ကိုမုန်းပါဘူး
ဒါပေမယ့်
နာကြီးနေတုန်းဘဲ
ငါနင့်ကိုမခွဲနိုင်ဘူး
ဒါပေမယ့်
စွန့်လွတ်လိုက်တော့မယ်
နင် နဲ့ ငါ
ကံမကုန်လို့
ပြန်ဆုံတဲ့တစ် နေ့
မျက်နှာလွှဲပြီး
နှုတ်မဆက်ကြေးနော် ))))))))))))))
စိုးမင်းထွန်း###နတ်မောက်
ကဗျာ.....
တောမချောက်ပဲ
လမ်းပျောက်ခဲ့တာပါ
အဒီ ညက
ငါ စိတ်နောက်သွားတယ်။
ည ကိုချော့သိပ့်ဖို့ 
အိပ်ဆေးတစ်ခွက်က
ငါ့ အတွက်မဖြစ်တန်ကောင်း ။
ဘာမှမသေချာပါဘူး
မနက်ဖန်.....
နံနက်....
ငါ့အသက် .. ရှင်ကောင်းသေးရဲ့..။
နွေမင်း
ကဗျာ.....
သိစိတ်က....
သူ...
ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်.။
မသိစိတ်တွေက
တစ်ခါတလေ....
ဒေါသလေးတွေ စိုစွတ်မိ.။
ခွင့်လွတ်ပေးပါ
ငါ...
အမှားနဲ့ မကင်းနိုင်သေးဘူး..။
ပေးထားပီးမှ
ပြန်တောင်းသွားတဲ့
ကလေးဆန်ဆန် နင့်အချစ်တွေက
သေချာစဉ်းစားကြည့်တော့
ရယ်စရာတစ်ခုတော့ ဖြစ်ခဲ့ပါတယ်..။
အင်းပေါ့လေ...
တမင်တကာ ဘယ်အရာမှလုပ်ယူလို့မရပါဘူး
ကိုယ်ပိုင်တာ ..
ကိုယ့်ဘာသာဝေခြမ်းပေါ့..။
အချစ်က.....
ဦးရာစနှစ်ဆိုရင်တော့
ည တစ်ရာ အိပ့်ရေးပျက်ခံ ထိုင်စောင့်ပါရဲ့..။
နွေမင်း
စိတ္တဇညများ...
အလိုမကျတိုင်း
ငိုရပါ များလာတော့
မျက်ခမ်းစပ်တွေ ညိုလို့.။
ဘဝ..က
ခက်ထန်မှုတွေနဲ့
နှစ်ပါးသွားတာကြာနေပါပီ..။
အပျော်ဆိုတာ..
တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်လောက်တောင်မှ
ကြာရှည် က ခွင့်မရှိပါဘူး
ငါနေထိုင်တဲ့ ဘဝ က
အလောက်ထိတောင်ကြမ်းတယ်..။
နွေမင်း
ကျောခိုင်းထားတဲ့ ချစ်သူ
အရာရာကို ပြီးဆုံးဖို့က
မင်းအတွက် အားသန်နေမှတော့
ဖြူစင်တဲ့ ငါ့မေတ္တာ
မင်းအမုန်းအောက် ကျရှုံးပေးရုံပေါ့ ။
နှစ်ခါရဖို့ မသေချာတဲ့ ဘဝမှာ
မင်းနဲ့ဆုံတွေ့ရလို့
ရှားပါးရေစက်တွက်
တန်းဖိုးထားပေမဲ့
ခွဲခွာခြင်းကို မျှော်လင့်ချက်အသစ်လို
တန်ဖိုးထားတဲ့ မင်းတွက်ကတော့
ငါက လွဲမှားတဲ့ရေစက်လိုလားကွယ် ။
'' သွားပါ '' ဆိုတဲ့ စကားတွေဆွံခဲ့သလို
မတားနိုင်တဲ့ နောက်ဆုံးချိန်တွေမှာ
နာကျင်မှုတွေတင်းခံရင်းနဲ့
ကျောခိုင်းသွားတဲ့ မင်းပုံရိပ်ကို
ငါက နှလုံးသားထဲမှာ
ခုဆို …… မင်းနေရာတွက်
အစားထို့လို့မရအောင် အပြည့်အကျပ်
သိမ်းထားခဲ့တာ
ခုဆို နှစ်တွေ လက်ချောင်းငါးချောင်းစာ
ရေတွက်လို့ရပြီ …… ။
နေကဗျာ(တောက်ရှားဦး)
Tauk Sharr Oo
တောင်းဆု.....
ကောင်မလေးရယ်...
ငါမင်းကိုချစ်တယ်ဆိုတာ
မင်းနှုတ်ခမ်းက ပျားရည်တစ်စက်ကို
နမ်းရှိုက်ခွင့်ရဖို့ထက်
မင်းအပြုံးလေးတစ်ပွင့်ကိုပဲ
ငါ့စိတ်က လိုချင်တောင့်တ
နေခဲ့မိတာပါကွာ....
ဒါပေမဲ့ မင်းကတော့..
ငါ့အတွက်...
အပြုံးလေးတစ်ပွင့်တောင်
မခြွေချခဲ့ဘူးနော်....။
ဝေဒနာ နွေရက်တွေနဲ့
ကိုယ့်အားရက်စက် သူမေ့ပျက်လည်း
မင်းဘ၀ခရီးလမ်းမှာ
မေတ္တာပို့မှန်း သူတို့လွမ်းနေ
ချစ်သူ စိတ်ဝမ်းငြိမ်းချမ်းပါစေလို့
ကိုယ်တောင်းဆုပြုလိုက်ပါတယ်.....။
ရှိုင်း(ရှိုင်းမင်း) Moe Sat Laypyay
ကောင်မလေး..........
ကောင်မလေးရယ်..
မင်းပြောတဲ့ စကားတွေကို
ယုံကြည်ခဲ့တာ အသည်းကွဲဖို့
မပာုတ်ပါဘူး....
အရာရာ မင်းသဘောအတိုင်း
ငါ့ဘ၀ကို ပေးအပ်ခဲ့တာ
ဒါပာာ....သိပ်ချစ်လို့ဆိုတာ
နားလည်စေချင်တယ်.....။
ငါ့ရဲ့ မျှော်လင့်ခြင်းမနက်ဖြန်တိုင်းပာာ
ကောင်မလေး....မင်းကြောင့်
အသက်ရှင်ခဲ့တာပါ
ဘာမဆို မင်းသဘောကျ
ငါ့ဘ၀ ကိုစိတ်ကြိုက်လုပ်ပါ
ဒါပေမဲ့ ကောင်မလေးရယ်
မုန်းမသွားဖို့ကိုတော့ ကတိပေးပါကွာ..
မင်းမုန်းသွားမှာ မင်းမချစ်တော့မှာ
မင်းထားသွားမှာ...
ကိုယ်သိပ်ကြောက်လို့ပါကွာ......
ရှိုင်း(ရှိုင်းမင်း)
မင်းပြောတဲ့ စကားတွေကို
ယုံကြည်ခဲ့တာ အသည်းကွဲဖို့
မပာုတ်ပါဘူး....
အရာရာ မင်းသဘောအတိုင်း
ငါ့ဘ၀ကို ပေးအပ်ခဲ့တာ
ဒါပာာ....သိပ်ချစ်လို့ဆိုတာ
နားလည်စေချင်တယ်.....။
ငါ့ရဲ့ မျှော်လင့်ခြင်းမနက်ဖြန်တိုင်းပာာ
ကောင်မလေး....မင်းကြောင့်
အသက်ရှင်ခဲ့တာပါ
ဘာမဆို မင်းသဘောကျ
ငါ့ဘ၀ ကိုစိတ်ကြိုက်လုပ်ပါ
ဒါပေမဲ့ ကောင်မလေးရယ်
မုန်းမသွားဖို့ကိုတော့ ကတိပေးပါကွာ..
မင်းမုန်းသွားမှာ မင်းမချစ်တော့မှာ
မင်းထားသွားမှာ...
ကိုယ်သိပ်ကြောက်လို့ပါကွာ......
ရှိုင်း(ရှိုင်းမင်း)
Subscribe to:
Comments (Atom)




















