စိတ်အတွေးတွေက မင်းရှိရာအရပ်ဆီရောက်ရှိနေတယ်
အသိနဲ့သတိဘယ်လောက်ရှိရှိ
တိုက်ဆိုင်မူတွေကြုံလာတိုင်း
လွင့်လွင့်သွားတဲ့ စိတ်ကူးအတွေးတွေ
တစ်ခါတလေလည်မဟုတ်တော့ဘူး ။
တစ်ခြမ်းပဲ့လလို့ မပြည့်စုံနိုင်တဲ့ မျှော်လင့်ချက်
တစ်ခြမ်းပဲရိုက်ခွင့်ရှိတဲ့ လက်ထပ်ဖိတ်စာ
ဖတ်သူမရှိတဲ့ကဗျာတွေ
ပန်သူမဲ့နေတဲ့ သစ္စာပန်းများ
တစ်လ ၊ နှစ်လ တစ်နှစ်၊ နှစ်နှစ် မဟုတ်တဲ့
ထပ်ခါထပ်ခါ တမ်းတရူးသွပ်ခြင်း
ပတ်ကြားအပ်နေတဲ့ မြေကြီးလို မျှော်လင့်ချက်တွေနဲ့
ည ည ဆို ရင်
ငါနှလုံးခုန်သံတောင် ငါကြောက်နေရတယ် ။
ရင့်ကျတ်ခြင်းတရားတွေ
အဖြစ်ပျက်သဘောတွေ ဘယ်လောက်ဟောဟော
မင်းနဲကပတ်သက်လာရင်
ငါဦးနှောက်က ကျွဲပါးစောင်းတီးသလိုဘဲ ။
ပို့လိုက်တိုင်းပြန်မရောက်လာပေမ
ငါလက်တွေက Message တွေအခါခါပိုနေမိတဲ့အဖြစ်
အခုဆိုရင် အလွမ်းတွေက
နေမ၀င်အင်ပါယာကြီးတည်ဆောင်ဖို့ဆ
သိမ်းပိုက်နေကြပြီ
သတိရခြင်းတွေနဲ့ငါဟာ အိပ်စက်နေရသူပါ
မမေ့နိုင်သူငါအတွက်
အလွမ်းဆိုတာ နွေညတွေလို ညတာရှည်လွန်းလှပါတယ် ။
နှလုံးတော့ခုန်နေသေးတယ် ချစ်ခြင်းရင်ခုန်သံတွေသေဆုံးသွာ
အသက်တော့ရှုနေသေးတယ် မျှော်လင့်ချက်တွေ သေဆုံးသွားခဲ့ပြီ
သွေးတွေကတော့လည်ပတ်နေသေးတယ် အပျော်တွေပျောက်ဆုံးသွားခဲ့ပြီ
တကယ်ပါ ချစ်ရသူ
အခုငါ ဒီကဗျာတွေရေးရင်နဲ့ငိုနေတယ် ။
လက်ျာ ကဗျာနန်းတော်






0 comments:
Post a Comment