-------အထက်တန်းကျောင်းသားဘ၀.....
သူနဲ့တွေ့မှ....
ဖြူစင်တဲ့ အချစ်စိတ်စတင်လာ
ဒါပေမဲ့...သိလား..
ဆရာမရိုက်မှာ ကြောက်မိလို့
အဖြူရောင် စည်းတစ်ဖက်ခြား
ရောက်လုရောက်ခင်
စကားလုံးတစ်ချို့ ဖွင့်ပြောလုဆဲဆဲ
နှုတ်ဆိတ်နေခဲ့ရတယ်....။
တစ်ယောက်တည်း ဝေဒနာအခန်းကျဉ်းထဲမှာ
မရေးဖူးတဲ့ အချစ်ကဗျာတွေရေးရင်း
မဆိုဖူးတဲ့ သံစဉ်တွေ ညည်းနေခဲ့တယ်
တိတ်တခိုးအကြည့်တွေ မင်းမသိပေမဲ့
အိပ်မက်ထဲတောင် ဆံပင်အတိုလေးနဲ့
မင်းမျက်နှာကို မြင်ယောင်လို့
(-----)ရယ်လို့ နင့်နာမည်ကို
အကြိမ်ကြိမ် ခေါ်နေမိတယ်
ကျောင်းစိမ်းဝတ်စုံလေးနဲ့
ညင်သာစွာ လမ်းလျှောက်တဲ့
အိနြေ္ဒရှင်မင်းသမီးလေးရယ်
ရင်ခုန်သံတွေထိန်းချုပ်မရ
မင်းကြောင့်ရူးခဲ့ရတယ်...။
အထက်တန်းကျောင်းပြီးလို့
အားလုံးခွဲခွာချိန်...
အမြင်နဲ့လွမ်းဆွတ်လို့
ငါမင်းအနား ရောက်ချင်ခဲ့တယ်
မဖြစ်နိုင်မှန်းသိတဲ့ မင်းမေတ္တာတွေ
မျှော်လင့်နေမိတယ်.....။
ညညတွေဆို လွမ်းဆွတ်လို့
မင်းနဲ့အတူတက်ခဲ့ရတဲ့
တာမွေ(၂)က စာသင်ခန်းလေးကို
သတိရမိတယ်...
ဆရာမသိအောင် ယူထားခဲ့တဲ့
မင်း ပတ်စပို့စ် ပုံလေးကို
အခါခါထုတ်ကြည့်ရင်း
" ချစ်တယ် " (-----)ရယ်လို့
ဒိုင်ယာရီထဲမှာချရေးနေခဲ့မိတယ်
အခုနေအချိန်အခါ မင်းနဲ့ပြန်တွေ့ရင်
ကိုယ့်ရဲ့အချစ်ကို အသိအမှတ်ပြုပါလို့
ပြောလိုက်ချင်မိတယ်.....သူငယ်ချင်းလေးရယ်...။
ရှိုင်း(ရှိုင်းမင်း)