ကိုယ့်ရဲ့အလွမ်းတွေ
အငွေ့ပျံပျောက်ကွယ်သွားမှာ
ငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး...
ဘာဖြစ်လို့လဲဆိုတော့
ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီး
မိုးအဖြစ် ပြန်ရွာချတဲ့အခါ
မင်းကို ဘယ်လောက်လွမ်းကြောင်း
သိစေချင်လို့ပါ...။
ဒါပေမယ့်...မိုးရွာချတဲ့အခါ
မိုးစက်ရေပေါက်ငယ်လေးတွေ
မင်းအပေါ် စိုသွားမှာကိုတော့
စိတ်ထဲ ဘ၀င်မကျချင်ပြန်ဘူး
လရောင်ကိုလည်းမနာလို
လေပြည်ကိုလည်း မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သ၀န်တိုမိတာ
အချစ်ကိုယ့်ကို နားလည်ပါကွယ်
ဘယ်တော့ဖြစ်ဖြစ်.....။
ရှိုင်း(ရှိုင်းမင်း)







0 comments:
Post a Comment