Friday, August 16, 2013
အဖြူရောင်စည်း
သူငယ်ချင်း....,
သံယောဇဉ်တွေနဲ့ ချည်နှောင်ခဲ့တဲ့
ကြိုးတွေပာာ ရိုးသားခြင်းများစွာနဲ့
အစပြုခဲ့တယ်....။
ငါတို့ရဲ့ မျက်ဝန်းအကြည့်များစွာက
အဖြူရောင်စည်းတစ်ဖက်ခြား
မင်းအပေါ် ကန့်သတ်ချက်ဘောင်
ကျော်လွန်မိခဲ့တယ်..သူငယ်ချင်းရယ်။
ဒီလိုနဲ့..ငါ့အချစ်တွေကို
သူငယ်ချင်းဖြစ်နေတဲ့
မင်းအရှေ့မှာ ဒူးထောက်လို့
ခစားလိုက်ပါပြီ....။
" ချစ်တယ် " ကောင်မလေးရယ်....။
ငါမင်းကိုချစ်တယ်ဆိုတာလေ
ပါးစပ်က စကားလုံးထက်
ငါ့ရင်ဘတ်ထဲက အချစ်က
ပိုလေးနက်ပါတယ်..သူငယ်ချင်းရယ်.....။
ရှိုင်း(ရှိုင်းမင်း)
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment