ငါသတိရမိတယ်
လှပနက်ရှိုင်းတဲ့ ညနေခင်းဆီက
မင်းကိုချစ်မိသွားတဲ့အချိန်
အစွန်းရောက် နှလုံးသားထောင့်မှာ
ဖြူစင်ခြင်း တန်ဖိုးထားခြင်း
ရိုးစင်းစွာ အရောင်ပြောင်းလဲမှုတွေနဲ့
ခပ်လွယ်လွယ် အိပ်စက်မရတဲ့ ညတွေမှာ
မင်းမဖတ်မှန်းသိတဲ့
ကဗျာတွေရေးမိတယ် ။.....။
အဲဒါတွေပာာ
ငါသိပ်ချစ်မိသွားတဲ့ ကောင်မလေး
တစ်ယောက်ရဲ့ အကြောင်းတွေပဲ ။.....။
ပာန်ဆောင်မှုရယ်လို့
အိပ်မက်မှာ မထင်မိ
ငါ့နှလုံးသား ပြတင်းဝမှာတော့
မင်းပုံရိပ်တွေနဲ့ ။....။
လူဝေး(လွင်မိုး)







0 comments:
Post a Comment