Friday, August 16, 2013
ပေးဆပ်နှလုံးသား
ကောင်မလေးရေ...
ငါနင့်ကို ချစ်တယ်ပြောတိုင်း
အေးစက်စက်အပြုံးတစ်ချက်နဲ့
"သူငယ်ချင်း"ဆိုတဲ့
နင့်ရဲ့ တုန့်ပြန်မှုအတွက်
ရင်နှင့် မဆံ့နိုင်အောင်
ခံစားရပါတယ်.......။
ဒါပေမဲ့...ငါမင်းရဲ့
အကောင်းဆုံးသူငယ်ချင်းအဖြစ်နဲ့
အရိပ်လိုရှိနေမှာပါကွာ.....။
မင်းငါ့အနား(အမြဲ)
ရှိတာ မရှိတာထက်
ငါ့အတွက် မင်းရှိနေတယ်ဆိုတဲ့
အသိလေးနဲ့ပဲ ငါ့နှလုံးသားကို
မင်းလျှောက်တဲ့ လမ်းတစ်လျှောက်မှာ
ခင်းပေးလိုက်ပါတယ်...သူငယ်ချင်းရယ် ။......။
ရှိုင်း(ရှိုင်းမင်း)
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment