ကြင်နာတဲ့ မေတ္တာ...
နုလှတဲ့ ဂရုဏာတရားပာာ...
ကိုယ့်ရဲ့ နှလုံးသားမှာ
အချစ်ရဲ့ ဖွားတော်ဖက်အဖြစ်နဲ့
အသည်းနင့်အောင်
မင်းကိုချစ်ခဲ့ပါတယ်....။
ကိုယ်တို့ရဲ့ အချစ်ကမ္ဘာမှာ
အဖြူထည်ကိုအခြေခံလို့
မျှော်ကိုးမှုတွေ ပါမလာခဲ့ဘူး
အရာရာကို ဖြူစင်သာယာစွာ
ပေးဆပ်ထားခဲ့ပေမယ့်
အတားအဆီးများစွာနဲ့
လောကဓံပေါင်းများစွာက
ကိုယ်တို့ရဲ့ သစ္စာကို
အရောင်မလက်စေခဲ့ဘူး...
ရက်စက်လိုက်တာ လောကကြီးရယ်......။
ရှိုင်း(ရှိုင်းမင်း)







0 comments:
Post a Comment