This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, September 13, 2013

ဇင်မိုးကိုကို(စိတ်ပညာ)

                                                                                 

လိုတာထက်ပိုဖို့မပြောနှင့်
သူမနဲ့ကျနော်ကြား
မေတ္တာဆိုတာ ဘာလဲတောင်
သေချာမသိဘူး

မွေးကတည်းက
တစ်ယောက်တစ်နေရာဆီမလို့
သံယောဇဉ်ဆိုတာလည်း
ဘာမှန်းနားမလည်ခဲ့ဘူး

လွမ်းမိတယ်ဆိုပေမဲ့
ပြန်လာပါလို့
သူမကို မတောင်းဆိုခဲ့ဖူးသလို
သူမကလည်း ပြန်လာမယ်လို့
မပြောဖူးဘူး

အချိန်တန်လို့ ဖုန်းမလာတောင်
သူမနဲ့ကျနော် တစ်ယောက်ကိုတစ်ယောက်
အဖြစ်မသည်းဖူးဘူး

သူစိမ်းဆန်လှတဲ့
သူမနဲ့ကျနော်
ဘယ်သူမှမသိတဲ့ နှလုံးသားထဲမှာတော့
တစ်ဦးနှင့်တစ်ဦး အချစ်ဆုံးပဲဆိုတာ
သူမကော ကျနော်ကော
ယုံကြည်တယ်


သူမဟာ ကျနော့်အတွက်
တစ်ခါမှ မနူးညံ့ဖူးဘူး
ဒါပေမဲ့ အမြဲတမ်း
ရဲရင့်တယ်

ချစ်တယ်လို့ ဘယ်သူမှ
ဘယ်တော့မှ မပြောဖူးဘူး
ဒါပေမဲ့ သူမပြုသမျှဟာ ကျနော့်အတွက်
ကျနော့်ဖြစ်သမျှဟာ သူမအတွက်
ဝေးနေပေမဲ့ နှလုံးသားကဆက်သွယ်တယ်
စကားတွေ အများကြီးမပြောဖူးပေမဲ့
သူမနဲ့ကျနော် အားလုံးနားလည်တယ်

လွမ်းတာကိုလွမ်းတယ်မပြောဘူး
ချစ်တာကိုချစ်တယ်မဆိုဖူး
ဒါပေမဲ့ နှလုံးသားမှာ
သူမ ရှိတယ်

သိပ်ချစ်ပါတယ် မေမေ
သိပ်လွမ်းပါတယ် မေမေ

                                                             

 ဇင်မိုးကိုကို(စိတ်ပညာ)

လက်ျာ*ကဗျာနန်းတော် Vs စိုင်း မိုးဆက်မေ

                                                                           

ငါချော့တာခံချင်လို့ စိတ်ကောက်တယ်ဆိုတာ

ငါသိပါတယ်ချစ်သူ

ဒါပေမယ့်နင်စိတ်ကောက်ချိန်တိုင်း

ငါမှာခြေမကိုင်လက်မကိုင်မိနဲ့

နင့်ကြာကြာကြီးစိတ်ကောက်မှာကို

မိုးပြိုသလိုစိုးကြောက်နေရသူပါ ။


ငါချော့တာခံချင်လို့ စိတ်ကောက်တယ်ဆိုတာ

ငါသိပါတယ်ချစ်သူ

ဒါပေမယ့်လေ

ငါတို့နှစ်ဦးတွေ့ဆုံချိန်တွေက

ကုန်ဆုံးတာမြန်ဆန်လွန်းပါတယ်ဟာ

ဘာမဟုတ်တာလေးနဲ့အချိန်တွေကို ကုန်ဆုံးမခံပါနဲ့နော်

နင် စိတ်ကောက်တိုင်း ငါချော့နေကျပါ.....

နင်စိတ်အလိုမကျတိုင်း ငါချော့နေကျပါ......

. ငါ့အတွက် နင့်ကိုချော့ရတာ

အလုပ်တစ်ခုလိုဖြစ်နေပေမယ့် ငါမငြိုငြင်ပါဘူးချစ်သူ.....

ဒါပေမယ့် ကိုယ့်ချစ်သူ မျက်နှာလှလှလေး

မျက်မှောင်ကျုံ့လို့ အလှပျက်ပြီး

စိတ်ပင်ပန်းနေမှာကိုပဲ စိုးရိမ်မိတာပါ ချစ်သူရယ်.....။

                           လက်ျာ*ကဗျာနန်းတော် Vs စိုင်း မိုးဆက်မေ

ဒီလှိုင်း ( နတ်မောက်)

                                                                              

အ တိတ် တွေ ဟာ အ ဆိပ် လို

နာ ကြင် ရ ပြီ လေ

အင်္ကျီအ စိမ်း လေး အ ထက် မှာ

နေ့  စွဲ တ ခု ရေး ထိုး လို့

ကျိတ် ကျိတ် ပြီး ငို ခဲ့ ဖူး တယ် ////////


ဒီ ည တွေ ဟာ ဟို ည တွေ လို

မ လှ ပ တော့ ဘူး

ဒီ နေ့ တွေ ဟာ ဟို နေ့ တွေ လို

မ စို ပြေ တော့ ဘူး

ဒီ မ နက် တွေ ဟာ ကော် ဖီ တစ် ခွက် ကို

နှစ် ယောက် အ တူ တူ သောက် ဖူး တဲ့

နေ့ ရက် တွေ လို အ ဓိပ္ပါယ် မ ပြည့်

စုံ တော့ ပါ ဘူး /////////


ဒီ ချစ် ခြင်း မ ကုန် ဆုံး နို င် မှန်း

ငါ ကိုယ် တိုင် လည်း သိ ခဲ့ ပါ ရဲ့

"""ဒါပေမယ်လည်းလေ"""



                                                    

ဒီလှိုင်း ( နတ်မောက်)

လက်ျာ ကဗျာနန်းတော်

                                                                            


ငါဘယ်လိုနေနေ ဘယ်လိုဖြေဖြေ

တစ်နေ့တစ်ရက်မှ မမေ့မရတဲ့

ဒီရင်ထဲကအလွမ်းတွေ

အချိန်တွေကြာ ရာသီတွေပြောင်းပေမယ့်

ငါကတော့အခုထိ လွမ်းဆွေးနေရဆဲပါလေ

နာရီ ရက် လ တွေပြောင်းသွားတယ်

တိုင်ဆိုင်မူတွေကြုံလာတိုင်းအခုချိန်ထိ

ငါသတိရခြင်းတွေနဲ့အတူ

အလွမ်းတွေကိုမကုစားနိုင်သေးသူပါ

အမှတ်တရအရာတွေ က ပြန်မြင်တိုင်းပြန်တွေ့တိုင်း

မှတ်မှတ်ရရဒဏ်တွေဖြစ်မယ်ဆိုတာ

ကြိုမသိခဲ့တာ ငါရဲ့အမှားပါ

သတိရခြင်းတွေနဲ့အိပ်စက်မရတဲ့ညတွေတိုင်း

ခံစားကြေကွဲနေရတာတွေသက်သာလို့သက်သားညား

အလွမ်းကဗျာတွေ ငါရေးသားဖြစ်တယ်

လမ်းကြုံလို့ဘဲဖြစ်ဖြစ်ပေါ့ဟာ

အတူတူသွားခဲ့တဲ့နေရာတွေကိုရောက်ရင်လာကြည့်လိုက်ပါ

ကြေကွဲမျက်ရည်အလွမ်းတွေနဲ့အတူတူ

အတိတ်ကိုသတိရပြီး အထီးကျန်ခြင်းတွေနဲ့ငါရှိနေတယ် ။


                                                             
 လက်ျာ ကဗျာနန်းတော်

လက်ျာ ကဗျာနန်းတော် ၊ ကိုနွေ မင်း ၊ ဒီ လှိုင်း

                                                                              

ငါကမြတ်မြတ်နိုးပေးတဲ့

ရင်နဲ့ရင်းထားတဲ့ချစ်ခြင်းတစ်ခု

နင်အတွက်အပျင်းပြေစေဖို့

အသုံးချခံ ခဏတာပျော်တော်ဆက်တဲ့လား

ငါမြတ်မြတ်နိုးနိုး နင်ပန်ဆင်ဖို့ပေးတဲ့နှင်းဆီပန်းတစ်ပွင့်

နင်ကရက်ရက်စက်စက်မြေမှာနင်းခြေ

သြော်

အခုတော့ နှင်းဆီတွေမြေခကြွေကြရသလို့

ငါမျက်ရည်တွေနဲ့ငါနှလုံးသားတွေလည်ကြေမွပျက်ဆီးရပြီ

နင်ကမချစ်တဲ့သူ ငါကချစ်မိတဲ့သူ

ငါချစ်ခဲ့မိတော့ငါခံစားရတယ်

နင်မချစ်တော့နင်မခံစားရဘူး

နင့်ရဲ့အယောင်ဆောင်မူတွေကိုမှငါက

အစစ်မှန်လိုထင်ခဲ့မိတော့လဲ...............။

မျက်ရည် ကို မျက်ရည်လို့ မမြင်ဘဲ

နှလုံးသွေးတွေ ဖောက်ထွက်လာတယ်လို့မြင်ရင်

ချစ်သူ ငါ့ကို မုန်းနိုင်ပါဦးမလား ။

တကယ်...

ဘုရားစူး.....

မျက်ရည် တစ်ခါလည်ရင် အသဲတွေကြွေလာသလားမှတ်တယ်

ရင်ဘတ်တွေတစ်ခုလုံး စူးနစ်လို့...

နှလုံး ဟာ ပုံမှန်မဟုတ်တော့ဘူး .။

ဝမ်း နည်း တိုင်း တာ

လွမ်းတိုင်း သတိရတိုင်းသာ

ငို ကြွေး နေ ရင် လေ

ငါ့ မျက် ရည် တွေ

ခမ်း ခြောက် နေလောက်ပြီ

ဒါမှမဟုတ်ရင် ဧရာဝတီမြစ်လောက်ဖြစ်နေလောက်ပြီ

နင်မရှိဘူးဆိုတဲ့အသိက ငါရင်မှာအခါခါနာကျင်ခံစားရတယ်

နင်ထားရစ်ခဲ့တဲ့နောက် ငါဘ၀က လမထွက်တော့တဲ့ညတွေလို

ဒီ ည တွေ ဟာ ဟို ည တွေ လို

မ လှ ပ တော့ ဘူး

ဒီ နေ့ တွေ ဟာ ဟို နေ့ က လို

မ စို ပြေ တော့ ဘူး

ဒီ မ နက် တွေ ဟာ ကော် ဖီ တစ် ခွက် ကို

နှစ် ယောက် အ တူ တူ သောက် ဖူး တဲ့

နေ့ ရက် တွေ လို အဓိပ္ပါယ်

မပြည့်စုံ တော့ ပါ ဘူး ။ ။

လက်ျာ ကဗျာနန်းတော်ကိုနွေ မင်းဒီ လှိုင်း

Wednesday, September 11, 2013

ကဗျာ ရွာ

                                                                       


လောကကြီးကိုနှစ်ခြမ်းခွဲမယ်
မင်းက အရှေ့ဆို
ငါက အနောက်
(ဂူတစ်လုံးထဲ ခြင်္သေ့နှစ်ကောင် မအောင်းဘူးလေ)

ဘယ်အရာမဆို
တစ်လှည့်စီခံစားခွင့်ရှိမှာပဲ
မင်းဘက်မှာ နေပူရင်
ငါ့ဘက်မှာ မိုးရွာနေလိမ့်မယ်
(ဖြစ်ရိုးဖြစ်စဉ်ကို နေသားကျနေပါပြီ)
                                                                                        
ညည်းတွားဖို့လည်း မလိုတော့ဘူးလေ
သူ့နေရာ သူ့အထာနဲ့သူ
အားလုံးက အံဝင်ခွင်ကျ
လူဖြစ်စဉ်ကတည်းက ဒုက္ခ က စပြီးသား

စကောလောက်မှ စောက်မနက်ရင်
အဲလူနဲ့ လက်တွဲဖြုတ်လိုက် (ပျော်ပျော်ကြီးပေါ့)
ရောက်တဲ့ နေရာက ပြန်စ
လမ်းတွေက နင်အလာ ကို စောင့်နေလိမ့်မယ်
နောက်ပြန်မလှည့်ဖို့ အရေးကြီးတယ်

ဘေးကြပ် နံကြပ်
အခြေအနေဆိုးမှန်သမျှ
ရုန်းသာရုန်း အချိန်တန် နွားပိန်ကန်ပြီး
ဒုက္ခဆို တာ နဲ့ ရုံမကလို့ ကျွတ်ထွက်သွားလိမ့်မယ်
သူလည်း ဘာသားနဲ့ ထုထားတာ မှတ်လို့နော့
(ဟုတ်ဘူးလား?????????????)


                                             
ကဗျာ ရွာ
 

စစ်မင်းနေ

                                                               


ရထား တွေ ငြီးတွားနေကြတယ်
သူတို့ ဖိနပ်တွေ မကောင်းလို့မဟုတ်ဘူး
သူတို့လမ်းတွေ မညီလို့တဲ့
သူ့ခမျာ ပြေးရရှာတယ်...တောင်ပြေးလိုက် မြောက်ပြေးလိုက်
အောက်ဆင်းလိုက် အပေါ်တက်လိုက်
သူ့ဖိနပ်နဲ့နင်းတဲ့ လမ်းတွေလည်း ကျယ်လာလိုက် ကျဉ်းသွားလိုက်နဲ့
နောက်ဆုံး သူမပြေးနိုင်လို့ လှဲအိပ်တော့မှပဲ
သူ့ဗိုက်ထဲက လူတွေ ဒုက္ခတွေ ပိုးပြီး ထွက်လာကြတယ်
အချို့က ညှပ်နေတုန်းပဲ
အချို့က အသက်တွေ ပျောက်လို့
အဲ့ဒါ ရထားရဲ့လမ်းကြောင့်လား
ရထားကြောင့်လား....။ ။



                                         
 စစ်မင်းနေ

မိုး ငယ်



                                                                  
မျက်ရည်တစ်စက်ရဲ့
တန်ဖိုးဆိုတာ
ကျဖူးတဲ့လူမှ ခံစားတတ်မှာပေါ့ ……
ရင်တစ်ခုလုံးကွဲကြေနေမှတော့
မျက်ရည်ကျတာ မဆန်းဘူးမို့လား ……
စိတ်ဆိုတာ ထားတတ်ရင်မြတ်ပါတယ် …… တန်ဖိုးကြီးတဲ့အရာတစ်ခုကို တစ်သက်စာ ပိုင်ဆိုင်ခွင့် ပေးခဲ့လို့ …
မင်းကို ……
ကျေးဇူး …… အရမ်း …… တင်ပါတယ် …………… လို့ ………

*မိုး ငယ် *
(မိုးငယ်လေး)

မာန(သွေးသောက်)


                                                            
         

အချစ်ဆိုတဲ့အရာ
နှစ်ကမ္ဘာကခြားတောင်
ပျောက်ကွယ်မသွားပါ
ယခုကမ္ဘာမှာ
အချစ်ဆိုတဲ့အရာ
အနှစ်တွေမပါ
မာယာတွေနဲ့
မြူးလွန့်ကာ
ပျံဝဲနေကျတာ
တစ်ဖက်ကလူကို
စာနာသနားငဲ့ညာပေးကျပါ
အချစ်ဆိုတဲ့အရာကို
ကလေးကစားစရာလို့
တွေးထင်နေသလား.......
တကယ်ချစ်တဲ့သူတွေသာ
အချစ်ဆိုတဲ့အရာ
ထွေးပွေ့ထားချင်ကျတာပါ


                                          မာန(သွေးသောက်)

ဒီလှိုင်း ( နတ်မောက် )

                                                                     
                                                                
သူငယ်ချင်း

မင်းဘဝရဲ့တန်ဖိုးရှိတဲ့

အချိန်လေးကို

ဘာမဟုတ်တဲ့

အချစ်ဆိုတဲ့

အရာနဲ့

တန်ဖိုးမဖြတ်လိုက်ပါနဲ့//////


                                            

 ဒီလှိုင်း ( နတ်မောက် )

Monday, September 9, 2013

ရှိုင်းမင်း

ကျွန်တော်ရဲ့ ကဗျာချစ်သူ website နှင့်
အချစ်ကြောင်းရောက်တတ်ရာရာ Page
ပေါ်တွင်တင်ထားသော ကဗျာများကို
ယူသုံးခွင့် ပေးသော ကဗျာနန်းတော် Page မှ
ကဗျာဆရာ များသာမက အခြားသော Page မှ
ကဗျာဆရာများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
အစ်ကို အမ တို့ရဲ့ ကဗျာတွေလည်းဒီထက်မက
အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ကျွန်တော်ကိုယ်တိုင်ရေးသားသော ကဗျာများကို
မပြတ်တင်ပေးသွားပါမည် ခင်ဗျာ.....

                                             ရှိုင်း(ရှိုင်းမင်း)
                                                
                                                       Moe Sat Laypyay
                                       laypyayshineminhtet@gmail.com

ကဗျာချစ်သူ website အတွက် app လေးနော်

ကျွန်တော်ရဲ့ ကဗျာချစ်သူ website ကို အခုထိအားပေးတဲ့ သူငယချင်းမိတ်ဆွေများအားလုံးကို
ကျေးဇူးတင်ပါတယ်...အခုကတော့ website လေးအတွက် android app လေးကို ထုတ်လိုက်ပါပြီနော်
မျက်စိ အညောင်းခံ ကဗျာတွေကို ခံစားပေးတဲ့ သူတွေ အားလုံးအားလုံးကို ကျွန်တော် ကဗျာချစ်သူ website က အထူးကျေးဇူးတင်ရှိပါတယ်နော်....။
ကဲ..ကျေးဇူးတင်နေတာနဲ့ မပြီးသေးဘူး  အောက်ကနေ download လုပ်လိုက်ပါအုံးနော်

                                                          ဒေါင်းရန်

Pan Zin


   
                                                                 
^^ကျေးဇူးပါ ချစ်သူ .....

^^ရယူခြင်း ပိုင်ဆိုင်ခြင်းတွေနဲ့ တသီးတခြားစီ

^^မြတ်နိုးစွာပဲ ချစ်နေပေး လို့............

^^ကျေးဇူးပါ ချစ်သူ

^^ငါ့ ရဲ့အားနည်းချက်တွေကို ချစ်စရာအဖြစ်သက်မှတ်ပေးလို့...


^^ကျေးဇူးပါ ချစ်သူ

^^ငါ့ ရဲ့တောက်ပတဲ့ အနာဂတ်လေးကို ပိုင်ဆိုင်ခွင့်ပေးလို့....

^^အိမ်မက်နှစ် ခုထပ်တူကျဖို့ ဆုပ်ကိုင်ထားတဲ့

^^နင့် လက်တစ်စုံကြောင့် ငါ ရင်ဆိုင်မဲ့

^^မနက်ဖြန်တိုင်းအတွက် ခွန်အားတွေရှိနေခဲ့ပြီ ............

^^အရာရာတိုင်းအတွက် ကျေးဇူးပါပဲ ချစ်ရသူ ရေ ........^^


                                                     (Pan Zin)

နွေမင်း

                                                                   


ခက်တယ်..
ငါ ..ဆိုတဲ့ ကောင်က
ခပ်နွမ်းနွမ်း မာနလေးတစ်ခုတောင်မှ
ထုတ်ပြဖို့ မရှိဘူး..။

မေတ္တာတွေဘဲ
ရေစီးကမ်းပြိုလိုက်အောင်
ပေးတတ်တဲ့ ကောင်..။

ခုတော့...
ကမ်းသာ..ပြိုသွားတယ်
ဘယ်သူက ကျေးဇူးပါပြောသွားလို့လဲ.။


                                      နွေမင်း..။

လက်ျာ ကဗျာနန်းတော်

                                                                   


ဘယ်သွားသွား

ဘာတွေလုပ်လုပ်

သတိတရ လွမ်းတဲ့ အလွမ်းတွေကို

ဘယ်လိုဖြေဖြေ

လွမ်းတာက လွမ်းတာ ပါဘဲလေ

တကယ်ပါ

ငါအလွမ်းနဲ့ မျက်နှာသစ်တယ်

အလွမ်းနဲ့ အိပ်ယာဝင်တယ်

ချစ်သူရေ............

ဘယ်သူတွေ မသိသိ ငါလွမ်းတာကို

မင်းသိရင်

ငါလွမ်းရကျိုးနပ်ပါပြီလေ.............။ ။

                                        လက်ျာ
  ကဗျာနန်းတော်

ဒီလှိုင်း (နတ် မောက်)

                                                                 


နင် မ လို ချင် လို့

ပစ် ခဲ့ ပြီး မှ တော့

ဒု တိ ယ လူ လဲ မ

ဖြစ် ချင် တော့ ဘူး /////////


ပြော ပါ ဟာ••••••••

ငါ ဘာ မှား ခဲ့ လို့ လဲ

ငါ တ ကယ် မှား ခဲ့ ရင် တောင်

အဲ ဒီ အ မှား လေး တ ခု ကို နင်

ခွင့် လွှတ် ပေး လို့ မ ရ

ဘူး တဲ့ လား ///////////


ထား ပါ ဟာ ••••••••

ငါ က နင့် အ တွက်

ဘာ မ ဟုတ် တဲ့ အ စုပ်

ပ လုပ် သုံး စား မ ရ တဲ့ ကောင်

ပုံ ပြင် တ ပု ဒ် လို သ ဘော

ထား လိုက် ပါ တော့ ///////////


ဟား ပါ ဟာ•••••••••

ငါ နင့် ကို သ တိ ရ စိတ်

အ ကျင့် ပါ နေ လို့ ဖုန်း

ဆက် မိ တဲ့ အ ခါ ငါ့ ကွယ်

ရာ မှာ နင် က ဟား တိုက် လို့

ရယ် နေ မှာ ပေါ့ ရယ် ပါ

"ရ ပါ တယ်"

ရယ် ရယ် ရယ် ရယ်

နင် ပျော် ဖို့ အ တွက် ပဲ လေ////////////
 

                                               
ဒီလှိုင်း (နတ် မောက်)

သိင်္ဂါလှိုင်(ကဗျာမြေသား)


                                                                 

ရိက္ခာ အတွက်
သိက္ခာကို မလဲပါနဲ့။

လိပ်ပြာ သန့်ဖို့
သိက္ခာဆူးတစ်ချောင်း ကာကွယ်ထား။

နှင်းဆီလို ဆူးဝန်းခ
အမြင်တင့်လှ ဘဝအေးရတယ်။

သိင်္ဂါလှိုင်(ကဗျာမြေသား)

လက်ျာ ကဗျာနန်းတော်


                                                             
မိုးတိမ်တိုက်တို့သည်
                            
ဖွဲစည်းတည်ဆောက်ဖြစ်တည်ရန်ခက်သလောက်

ပြိုကွဲပျက်စီးရန်လွယ်ကူလွန်းလှသည် ။

အချစ်သည်ဖွဲ့စည်းတည်ဆောက်ရန်

လွယ်ကူသလောက်ပြိုကွဲပျက်သုဉ်းရန်လွယ်ကူသည် ။

ခက်ခက်ခဲခဲဖြစ်တည်လာတဲ့အချစ်မို့

လွယ်လွယ်ကူကူပျက်စီးသွားမှာငါကြောက်တယ်ချစ်သူ

ငါတို့ချစ်ခြင်းအစဉ်ခိုက်မြဲဖို့

နာလည်မှုတရားနဲ့သစ္စာတရားတွေကို ငါတို့အစဉ်ထာဝရလက်ကိုင်ထားကြရအောင်နော် ။

လက်ျာ ကဗျာနန်းတော်

ငါ့လိုလူ(ရွှေကျင်)

                                                                 


ဂျစ်ပစီ တစ်ယောက်ရဲ့
ရင်ခုန်သံကို
နားဆင်ဖို့ဆို
ပတ်ဝန်းကျင်ရဲ့
လောင်းရိတ်အောက်က
ခဏလောက်ထွက်ခဲ့ပါ...။

အရိုင်အစိုင်းလို့
လူ့အသိုင်းအ၀ိုင်းက
သတ်မှတ်ထားသူတစ်ယောက်အတွက်
နင့်..လက်ဝါးတစ်ချက်က
ခွေးနှစ်ကောင်ကိုက်တာလောက်တောင်
လူတွေဂရုမစိုက်ပါဘူး........။

အမှတ်တမဲ့
ပြုစားခံရသူဟာ
ငါပါ....
ပယောဂ မကင်းတဲ့
မင်း..အလှတရားကို
ခုံရုံးတင်စစ်ဆေးဖို့
အမုန်းတွေကြားက
ငါ့အချစ်တွေကို
မင်း..မြင်အောင်ပြမယ်
တစ်ဖက်ထဲ..မကြည့်ရ..။

အယူအဆမတူလို့
အရိုင်အစိုင်းလို့
သတ်မှတ်ကြပါစေ..။
ငါ..ရိုးသားကြောင်း
ဘုရားသခင်နဲ့ငါပဲ
သိတယ်....။

နင်..ယုံကြည်တယ်ဆို...
...............
............................
.................................။ငါ့လိုလူ(ရွှေကျင်)

လက်ျာ*ကဗျာနန်းတော်

                                                                


အချိန်တွေကြာသွားပြီး

အသက်ရွယ်တွေကြီးသွားပြီ

ရာသီနေ့ရက်တွေပြောင်းသွားပြီ

နားလည်မူတွေမပြောင်းလဲဘူး

အကြင်နာတွေမပြောင်းလည်ဘူး

သစ္စာတရားတွေမပြောင်းဘူး

ဟိုးငယ်ငယ်ကလို

ချစ်ခြင်းတွေကနုပျိုနေဆဲ ။

လက်ျာ*ကဗျာနန်းတော်

နွေမင်း

                                                              


ငါချစ်တဲ့သူက
သူချစ်တဲ့သူနဲ့ အဆင်မပြေတဲ့အခါ
ငါ့ ကို ....
သတိရသလိုလို
သူ့ချစ်သူ သဝန်တိုအောင်လုပ်တတ်ရဲ့ ။

ကြားဖြတ်အစိုးအရ
ငါမလုပ်တတ်တော့ဘူးလေ ။


                                  နွေမင်း

နေမင်း

                                                                  


ရိုးစင်းတဲ့ ဘဝတွေတုန်းက
လျှာထဲမှာ ဆေးသကြားမပါ ။

တရုတ်မုန့်လည်း မရှိ
1000 တန်ပေးပီး ရောဂါဝယ်စရာလည်းမလိုတဲ့
ငယ်တုန်းက ဘဝက
မေမေ့ဂရုစိုက်မှုတွေနဲ့ အတူတူပါလေ ။

ကြာပန်းတွေ ဘုရားတင်လို့
ကြာသီးလေးတွေ ရှာဖွေစားကာ
ကြာရိုးကို လက်မှုလုပ်တော့
ဘဝက ပျော်စရာရှိခဲ့တာပေါ့ ။

ခုတော့ ……
နိုင်ငံရပ်ခြားက အဆင့်မမှီတဲ့
ကြေးများတဲ့ မုန်းတွေကို
ဂုဏ်ပြိုင်သလို စားနေကြတာ
ရောဂါတွေကို ကြိုဆိုနေသလိုပါ ။

                                                
 နေမင်း

မာန(သွေးသောက်)

                                                            


ဘယ်မှာရွာသွင်းဖြိုးလို့
ပုန်းခိုနေလည်း........မိုး
ပူလောင်တဲ့အလွမ်းကို
ရင်ဝယ်ပိုက်လို့
ငိုခြင်းတေးကဗျာတွေရဲ့
နောက်က..................
မျက်ရည်စတွေကို
အေးမြတဲ့မိုးရေစက်တွေနဲ့
ဆေးကျောပေးသနားပါလား......မိုး
စောင့်မျှော်နေပေမယ့်လည်း
ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်
မိုးခေါင်နေတဲ့ငါ့ကမ္ဘာ
ခြောက်ကပ်လို့ညိုမွဲနေကာ
မိုးနဲ့အတူပြန်လာခဲ့ပါ.......မိုး

မာန(သွေးသောက်)
ရင်ထဲကသံစဉ်

ဒီလှိုင်း ( နတ်မောက် )


                                                                

မ လာ ချင် မှန်း သိ လို့

မ ခေါ် ဝံ့ တဲ့ သူ ပါ

မ လို ချင် မှန်း သိ လို့

မျို သိပ် ထား ရ တာ

မော လှ ပြီ

"နား လည်မှု့"ကိုနားမလည်းတဲ့မင်း

က တိ စ ကား တွေ သာ

လွယ် လွယ် နဲ့ ပေး ခဲ့

ပြောင်း လဲ ချင် သူ အ ဖို့

ဘယ် စ ကား လုံး မျိုး နဲ့

နှစ် သိမ့် ရ လဲ

နှစ် ပေါင်း များ စွာ ခိုင်

မြဲ ခဲ့ တဲ့ ကမ္ဘာ ငယ် လေး

မင်း လက် ထဲ မှာ ကွဲ အပ် ခဲ့ ရ

ယူ ကျိုး မ ရ ချင်း တွေ သာ

နင့် နေ အောင် ငါ ရ

လိုက် တယ် //////////////


                                              ဒီလှိုင်း ( နတ်မောက် )

နွေမင်း

                                                                 


အမေ...
ကျွန်တော်က တစ်မျိုး လူ ပါအမေ
လူတိုင်းကို မေတ္တာထားပါတယ်..။

ဒါပေမဲ့...
ကိုယ့်ကို သတိတစ်ခါ ရရင်
ကျွန်တော် အခါ တစ်ရာ ပိုသတိရတတ်ပါတယ်..။

ကိုယ့်ကို တကယ်ခင်တယ်ထင်ဆိုရင်
ကျွန်တော်က..အပြန်တစ်ရာထက်မနည်း
သံသရာထဲက ပေါင်းသင်းခဲ့တဲ့သူငယ်ချင်းတွေလို
ဆက်ဆံပေးတယ် အမေ..။

တစ်ခါတလေ...
ရေစက်လိုလို ဘာလိုလို
စေတနာတွေ ပိုလို့
အဒါ.....
မှာလား...အမေ..။

ဒါပေမဲ့.....
ကျွန်တော်မေတ္တာတရားတွေက
လောကနဲ့ ထပ်တူ မကျဘူး အမေရဲ့..။

                                                    နွေမင်း

ဒီလှိုင်း ( နတ်မောက်)

                                                                    


ညီ မ လေး ရယ် ရိုး ရိုး လေး နေ ပါ

အ ရာ ရာ ကို သေ ချာ အောင် လုပ် ပါ

အ နာ ဂတ် ဆို တာ မ သေ ချာ ဘူး

ညီ မ လေး /////////

ညီ မ လေး ရယ် ဘ ဝ တ လျှောက်

ဘာ တွေ ဖြစ် ခဲ့ ဖြစ် ခဲ့

အ တိတ် ဆို တာ မေ့ ပစ် လိုက် ပါ

ညီ မ လေး //////////


ညီ မ လေး ရယ် ကိုယ့်ကိုယ် ကို သိ ပါ

အ ခွင့် ရေး ကို မှန် ကန် အောင် အသုံး ပြု ပါ

ပစ္စုပ္ပန် ဆို တာ ညီ မ လေး ရဲ့ လက် ထဲ မှာပါ

ညီ မ လေး //////////

                                                   ဒီလှိုင်း ( နတ်မောက်)

အငွေ့ပြန် သွားသောအိမ်မက်တစ်ခု


                                                                  

ဟိုတုန်းကတော့
ပျော်ရွှင်ခြင်းတွေကို လက်အတူတွဲလို့
မိုးလင်းကနေဝင်ထိ
ရင်ခုန်ခြင်းအိမ်မက်တွေကို
နှစ်ယောက်တူတူ မက်ဘူးတယ် ။

ဖွဖွလေးရယ်သံကို ဘာသာပြန်
အပြုံးတွေကို အနက်ဖွင့်လို့
ညနေပန်းချီတွေ ခံစားဘူးတာ
အလှဆုံး အိမ်မက်တွေပါ ။

ခုတော့
ဖျတ်ကနဲ ပေါက်သွားတဲ့ ဆပ်ပြာပူဖောင်းလေးလို
ခရီးတစ်ခုရောက်မှ ဘဝပျက်ရတယ် ။

ဘေးလူအမြင်တွေ မသိပေမဲ့
နင့်နဲ့ငါ့ရဲ့ ရင်ထဲမှာတော့
မီးသီးကွဲသလို ဆက်လို့မရတော့အောင်
အထိနာတယ် ။

ငါ.....

                                                          


ခက်တယ်..
ငါ ..ဆိုတဲ့ ကောင်က
ခပ်နွမ်းနွမ်း မာနလေးတစ်ခုတောင်မှ
ထုတ်ပြဖို့ မရှိဘူး..။

မေတ္တာတွေဘဲ
ရေစီးကမ်းပြိုလိုက်အောင်
ပေးတတ်တဲ့ ကောင်..။

ခုတော့...
ကမ်းသာ..ပြိုသွားတယ်
ဘယ်သူက ကျေးဇူးပါပြောသွားလို့လဲ.။



                                              နွေမင်း..။

စိတ္တဇညများ..

                                                                


ရှေ့မှာ....
ကာလာကာတွေဘယ်လောက်ချချ
ဘဝ ဟာ လုံခြုံမှုမရှိပါဘူး ။

အမှန်တရားကို သိုသိပ်ထားရင်
အမှားတွေ ဝင်လာတတ်တယ်.။

ဒါကြောင့်.....
သစ္စာလေး တစ်ခါဆိုမိရဲ့
ကျွန်တော် ဘယ်တော့မှ မညာတတ်ဘူးအမေ ။

အားလုံး အထင်သေးချင်သေးသွားပါစေ
အိုအေး တေးသီချင်းလေးတစ်ပုဒ်နဲ့
မနက်ဖြန်ဆက်ပြီး ကဗျာတွေရေးနေဦးမယ် ။


                                                      နွေမင်း

အလွမ်းချိုချို

                                                               


အတိတ်က ကြည်နူးဖူးတော့
ခွဲခွာပြီး နှစ်ပေါက်နေတောင်
ငါက ဒီအတိတ်တွေကို
ထွေးပွေ့ရက်တုန်း ။

ရင်ခွင်သစ်မှာ နေ့သစ်တွေတွက်
လှပနေမဲ့ မင်းအတွက်
ကြည်နူးရပေမဲ့ ………
မင်းထားခဲ့တဲ့ ငါကတော့
နာကျင်တဲ့ နှလုံးသားနဲ့ အံကြိတ်လွမ်းရတာ
ရင်နဲ့ မချိအောင်ပါ ။

အချစ်သစ်မှာ နေပျော်နိုင်သူကို
အဆင်ပြေစေဖို့ဆုတွေတောင်းရင်း
မင်းထားခဲ့တဲ့ နေရာဟောင်းမှာ
မင်းရှိခဲ့ဘူးတယ်ဆိုတဲ့ အလွမ်းတွေနဲ့ပဲ
ဒဏ်ရာတွေကုစားပြီး ………
ဘဝတစ်ခုလုံး ဆွေးနေရစ်တော့မယ် ။


                                                   နေကဗျာ

တစ်ချိန်ချိန်

                                                                 


အကြောင်းပြချက် တစ်စုံတစ်ရာတွေနဲ့
တစ်ချိန်ချိန်မှာ နင်နှုတ်ဆက်ခဲ့မယ်ဆိုရင်

သန်းပေါင်းများစွာထဲကမှ
မင်းကိုချစ်တဲ့ ငါ့ကို
တစ်ချိန်ချိန်မှာ
ထားပစ်ခဲ့မယ်ဆိုရင်

ငါကတော့
အရာရာအကုန်လုံး မေ့ဖျောက်လို့
မရနိုင်သူမို့ ………
အဲ့တစ်ချိန်ချိန်ကို တွေးပြီးကြောက်နေမိပြီလေ ။


                                                        နေကဗျာ 

ဒီမိုး……


                                                                 

ရင်ထဲကို မဝင်အောင်
ဘာနဲ့များ တားနိုင်မလဲ ။
မမေ့နိုင်တဲ့ အမှတ်တရတွေကို
တမ်းတမ်းတတ သတိရနေမိတာ
တစ်ခါတစ်လေတော့ ကိုယ့်ကိုကိုယ်
မုန်းမိတယ် ။

အယောင်ယောင်အမှားမှား
အမှတ်ရမှုတွေမှာ
အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရတဲ့
အတိတ်က အမှတ်တရတွေက
မိုးတွင်းဖားအော်သံလို
ရင်ထဲမှာ မကြားချင်လည်း
ကြားနေမိတယ် ။

ဒီမိုး
သတိရစိတ်တွေ တစ်ခေါက်ပြန်ပြန်လာတိုင်း
င့ါနှလုံးသားမှ မျက်ဝန်းတွေမှာ
တားမရဆီးမရ မိုးသဲသွားပြန်ဦးမှာပါ ။

                                    နေကဗျာ

.........အလွမ်းဟုခေါ်သည်................


ဘယ်သွားသွား

ဘာတွေလုပ်လုပ်

သတိတရ လွမ်းတဲ့ အလွမ်းတွေကို
                                                                  


ဘယ်လိုဖြေဖြေ

လွမ်းတာက လွမ်းတာ ပါဘဲလေ

တကယ်ပါ

ငါအလွမ်းနဲ့ မျက်နှာသစ်တယ်

အလွမ်းနဲ့ အိပ်ယာဝင်တယ်

ချစ်သူရေ............

ဘယ်သူတွေ မသိသိ ငါလွမ်းတာကို

မင်းသိရင်

ငါလွမ်းရကျိုးနပ်ပါပြီလေ.............။ ။
                                                                လက်ျာ*ကဗျာနန်းတော်

Saturday, September 7, 2013

မြင်စမ်းပါ မေ...

                                                                                  


မောင့် အား မေ့သွား
မဘုရားရေ.....

ပုံပြင်တောင်တကယ်ထင်တတ်ခဲ့လေတော့
ယုံမိသူမောင့် အမှားပါဘဲ ။

ကံ က ဆိုးတေညစ်ခဲ့သမျှ
ဘယ်ဘုရားမှာ ဆုခြွေတောင်းတောင်း
အဟောင်းကံ အကြွင်းကျန်တွေကြောင့်
အကောင်းတွေ အရာမထင်ခဲ့ရပြန်ဘူးလေ..။

အော်......
အပြစ်ရှာ မုန်းသွားသူကိုမှ
အချစ်ဟာ အမျှင်မပြတ်တတ်လေတော့
ပူတတ်သူ မောင့် ဝဋ်ကြွေးကို
မေ ရယ်.....
မြင်စမ်းချင်ရဲ့ ။

                                                        နွေမင်း

ကျေနပ်တယ်...

                                                                                    


ဘာမှ မျှော်လင့်မထားပါဘူး
ချစ်နေရင် ကျေနပ်တယ်.။

ဘာမှ မတောင်ဆိုပါဘူး
ချစ်ခွင့်ပေးရင် ကျေနပ်တယ်..။

ငါ.ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ
သူပျော်တယ်ဆိုရင်သာ
ငါ့အတွက်..အဖိုးထိုက်တဲ့ ပီတိပါ..။

                                                             နွေမင်း

ငါ့အတွက် အချစ်ဆိုတာ

                                                                                    


အချစ်က...
အနေကြာလို့ မေ့သွားကြတယ်ဆိုရင်
မနက်ဖြန်မှာပဲ..ငါ့အချစ်တွေသေဆုံးပါစေ..။

ကြင်နာခွင့်မရှိမှတော့
တွယ်ရာမဲ့နေတာက ပိုကောင်းသလို.။

ခု ..မိုးတွေ ရွာချနေပြီ
ကောင်းကင် ဟာ အရောင်ပြောင်းသွားပြီလား..။

                                                                    နွေမင်း

တစ်ခုတည်းသောဆုတောင်း

                                                                                 


ပင်လယ်က...
မာယာတွေကို မျိုချလို့
ဝင်လာသမျှလက္ခံပေးနေတယ်
မြစ်က..........
ခုထိ စီးဆင်းနေတုန်း..။

ချောင်း / မြောင်းတွေရဲ့
ဟားတိုက်လှောင်သံတွေက
ပင်လယ်ထိ လှိုင်းထသွားတယ်.။

မြစ်.. ဟာ
ဘယ်တော့မှာ ကော..မလဲ..?
သောင်ထွန်းမယ်ဆိုတဲ့ တစ်နေ့
ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့..
ငါ ..
ဆုတောင်းပေးနေပါတယ်ဟာ...။

                                                             နွေမင်း

ခေါက်ရိုးမကျိုးသောဘဝ

                                                                              


ဘဝ..ဟာ
ခေါက်ရိုးတောင် မကျသေးဘူး
ကြေမွ ..သွားပြီ..။

ဘယ်အချိန်တုန်းက
ဝင့် ကြွားခွင့်ရလိုက်လို့လဲ
ငါ့မှာ.....
နာတာရှည်ဖြစ်နေတာနဲ့တင်
ဘဝဟာ နောက်ကောက်ကျ မှောင်သွားရော..။

                                                                      နွေမင်း

ည...

                                                                        
 

တောမချောက်ပဲ
လမ်းပျောက်ခဲ့တာပါ
အဒီ ညက
ငါ စိတ်နောက်သွားတယ်။

ည ကိုချော့သိပ့်ဖို့ 
အိပ်ဆေးတစ်ခွက်က
ငါ့ အတွက်မဖြစ်တန်ကောင်း ။

ဘာမှမသေချာပါဘူး
မနက်ဖန်.....
နံနက်....
ငါ့အသက် .. ရှင်ကောင်းသေးရဲ့..။

                                                    နွေမင်း

သူ သိစေဖို့.....

                                                                                  


သိစိတ်က....
သူ...
ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်.။

မသိစိတ်တွေက
တစ်ခါတလေ....
ဒေါသလေးတွေ စိုစွတ်မိ.။

ခွင့်လွတ်ပေးပါ
ငါ...
အမှားနဲ့ မကင်းနိုင်သေးဘူး..။

ပေးထားပီးမှ
ပြန်တောင်းသွားတဲ့
ကလေးဆန်ဆန် နင့်အချစ်တွေက
သေချာစဉ်းစားကြည့်တော့
ရယ်စရာတစ်ခုတော့ ဖြစ်ခဲ့ပါတယ်..။

အင်းပေါ့လေ...
တမင်တကာ ဘယ်အရာမှလုပ်ယူလို့မရပါဘူး
ကိုယ်ပိုင်တာ ..
ကိုယ့်ဘာသာဝေခြမ်းပေါ့..။

အချစ်က.....
ဦးရာစနှစ်ဆိုရင်တော့
ည တစ်ရာ အိပ့်ရေးပျက်ခံ ထိုင်စောင့်ပါရဲ့..။

                                                                         နွေမင်း

မွေးမေမေ....

                                                                              


မိတ္ထီလာ ကန်တော်အောက်
ဖားကောက်ခဲ့မလား အမေ..။

အချိန်က....
ဇရာတရားကိုဝါးမျိုရင်း
အမေဟာ...
တစ်ခါတုန်းက..ကလေးတစ်ယောက်ပြန်ဖြစ်ခဲ့ရပေါ့..။

အသိစိတ်တွေ
နောက်.....
မသိစိတ်တွေ နုပျိုသွားခြင်းလား အမေ
ခုတစ်ခါ.....
အမေ...ဟာ
ခလေးအသိလေးနဲ့ ( ခလေးတစ်ယောက်လို)
ချစ်စရာကောင်းလာပြန်တယ်..။


ဘယ်သူတွေသူငယ်ပြန်တယ်ပြောပြော
အမေ ဟာ အမေပဲလေ...
ခု....သားလေ
ခလေးအတွေးနဲ့အမေကို
တစ်ခါပြန်စောင့်ရှောက်ပေးမယ်အမေ..။

                                                              နွေမင်း

Friday, September 6, 2013

နိုင်ငံခြား........

                                                                                                               
                                                                                                          
သြော် ........
နိုင် ငံ ခြား တဲ့လား
မိုး လင်း က မိုး ချုပ်
တ ကုတ် ကုတ် နဲ့ လုပ်ရ တဲ့ လ စာ လေး တ ပဲ
ခြောက် ပြား သူဌေးနဲ့
စူ ပါ ဖိုက် တာ ကြား အ မှားမ ပါ အောင် လုပ် ရ တဲ့
ဘ ဝ ///////////

ကျ နော် တို့ ဘ ဝ က
နိုင် ငံ ခြား လို့ စာ တန်း
ထိုး ထား တဲ့ က လာ ကာ ကြီး ရဲ့
နောက် ကွယ် မှာ ခေါက် ဆွဲ ခြောက် နဲ့
ကြက် ဥ နှစ် ပါး သွား စား
န ဖူး က ချွေး ခြေ မ ကျ အောင်
ဘ ဝ ဆို တဲ့ ဇတ် ခုံ ပေါ် မှာက နေ ရ ပြီး /////////
နောက် မှာ ကျန် နေ ခဲ့ တဲ့
ကိုယ့် ရွာ ကိုယ့်မြို့ကမိ သား စု အတွက်
ရ တဲ့ လ စာ လေး မူး စု
မက် စု နဲ့ တစ်လ တစ် လ
အ လင် မှီ အောင် ပို့ နေ ရ တဲ့
ပိုက် ဆံ လေး တွေ က
ဘယ် လောက် တန် ဖိုး ကြီး
မား လည်း မှန်း ဆ လို့
တွက် ချက် ကြည့်ပါ ဗျာ /////
                                                             စိုးမင်းထွန်း ###နတ်မောက်

****ငါ့ဆန္ဒ****

                                                                                                         
တ ကယ် လို့ တာ ငါ ဟာ
တိမ် တိုက် လေး တခု ဖြစ်
ဆို ရင် လေ ပြေ လေး တွေ
ခေါ် ဆောင် တဲ့ အရပ် ကို
အေး ချမ်း စွာ လွင့် မြော
သွား လိုက် ချင် တယ် //////


တ ကယ် လို့ ငါ ဟာ
ဖိုး ရွှေ လမင်း ကြီး ဖြစ်
ခဲ့ မယ် ဆို ရင် နေ မင်း
ကြီး ရဲ့ တန် ပြန် အလင်း
ဓါတ် တွေ နဲ့ လေ က ကြီး
တ ခု လုံး ကို လမ်း ပြ ပေး
လိုက် ချင် တယ် ////////


တ ကယ် လို့ ငါ ဟာ
ငါ ပဲ ဆို ရင် ကိုယ့် အား
ကိုယ် ကိုး ပြီး အား ပြု
ချင် တယ် /////////


ပိုး စုန် ကြူး လေး တွေ
လို ပေါ့ ကိုယ့် ဘ ဝကို
ကိုယ် ပိုင် အ လင်း ရောင်
လေး နဲ့ အ သက် ဆက်
ချင် တယ် //////////


ဒါ ဟာ ငါ ဖြစ် ချင် တဲ့
ငါ့ ဘ ဝ "ငါ့ဆန္ဒ" တွေ
ပေါ့ /////////////
                                                                       (စိုးမင်းထွန်း###နတ်မောက်)

***ငယ်ချစ်ဦး****

                                                                                                             
                                                                                                                                                                                                                   
 နှစ်တွေကြာညောင်း                                                                                          -
ဘယ်လိုပင်ဟောင်းစေ တော့ နှင်းတွေကြားမှာ
ဒို့ရှိခဲ့ဖူးတဲ့နေရာ မိုးရေ
တွေကြားမှာ ဒို့လျှောက်
ခဲ့ဖူးတဲ့နေရာ !!!!!!!!!!!


နှစ်လွှာပေါင်းမှ တစ် ရွက်
စွယ်တော်ရွက်ကို ဥပမာ
ထား နှစ်ယောက်ကို တစ်
ဘဝရယ်လို့ ယုံကြည်မှု
တွေ အပြန်အလှန်ထား
မြတ်ဘုရားထံပါး
ဆုပန်ခဲ့ဖူးတဲ့နေရာ//////


မေ့နိုင် ပါဘူး
"ငယ်ချစ်ဦး" ရယ်
ကာလဟာ ဘဝအား
နင်းလျှောက်ခဲ့ပေါ့ \\\\


ဝေဒနာတွေသာ အပိုင်
စားရလိုက်သည့်နှယ်
"ငယ်ချစ်ဦး"ရယ်သိပါ
စေ ကွယ် ////////


(felling ) ရည်စားဟောင်း
လွမ်းချင်း
                                                                            (စိုးမင်းထွန်း###နတ်မောက်)

ညီမငယ်......


                                                                                                             
သ နပ် ခါး ပါး ကွက် လေး နဲ့

ညီ မ ငယ်

ပြုံး စိ စိ လေး နဲ့

ချစ် စ ရာ ကွယ်

သူ့ ခေါင်း ထက် က

စံ ပယ် ဖြူ ရယ်

ဘု ရား မှာ ကပ် လှူ ဖို့

ရောင်း ရှာ တယ်

များ သူ ငါ တို့ ရယ်

ဘု ရား လှူ ကြ ဖို့

ဝယ် စို့ ကွယ် •••••••••••
                                                                         စိုးမင်းထွန်း###နတ်မောက်

****အ ဝေးမြေ မှ ချစ်မေ မေ****

                                                                                                          
မေ မေ
လက် ဝိုင်း လို့ နှိုင်း ပြ မ ရ တဲ့
မေ့ မေ့ မေတ္တာ ဘယ် လောက် ကြီး မား လည်း မ သိ ပေ မယ့် ///////
စာ ရွက် ပေါ် မှာ မေ မေ လို့
ရေး မိ သာ တောင် သား ရင် ထဲ
မှာ နွေး ထွေး နေတယ် မေ မေ /////////


မေ မေ
အိမ် အို ဟောင်း နဲ့
မေ မေ့ ဈေး တောင်း လေးလည်း
ပြင် သူ မဲ့ လို့
အ မိုး ပေါက် အကွတ် တွေ ပြေ
အ နား တွေ စုပ် နေ ရော့
မ လား မေ မေ //////////


မေ မေ
မ မြင် တာ ကြာ အ မေ့
ရုပ် လွှာ ဆံ ဖြူ သွား ကျိုး
ပါး ရေ တွေ တွန့် လို့
သား လာ မယ့် ရွာ အ ဝင် လမ်း
တ မာ တန်း နဲ့ ထန်း တော လေး
ဘေး မှာ ဝေ ဝါး တဲ့ မျက် ဝန်း
တွေ နဲ့ စောင့် ကြို နေ မလား မေ မေ///////


မေ မေ
ကုန် ဆုံး သွား တဲ့ နှစ် နဲ့ လ တွေ
ရေ တွက် ကြည့် ရင် ဖုန်း ထဲ မှာ
ကြား ရ တဲ့ မေ့ မေ့ အ သံ လေး တောင်
ဟို အ ရင် မေ့ မေ့ သား မ လေး ရှား ဆိုတဲ့
နိုင် ငံ ကြီး မ သွား ခင် ကြား နေ ကြ
စွာ ငေါက် ငေါက် နဲ့ မေ မေ့ အသံ လေး
မ ဟုတ် တော့ တ လို ပဲ မေ မေ ///////////


မေ မေ
ဇာ တိ ချက် ကြွေ အ မိ မြေ က
ဒီ မိုး အကုန်
ဟေ မာန် ဆောင်း နှင်း
နွေ ဦး ရဲ့ လေ ရူး တွေ နဲ့ အတူ
မေ မေ ရှိ ရာ ဌာ နေ ဟောင်း
ရွာ အ ဝင် တ မာ တန်း နဲ့
ထန်း တော လေး ဘေး မှာ
အလွမ်း များ နဲ့ ဆီး ကာကြို
သား လာ မယ့် ဒီ လမ်း လေး မှာ
လှမ်း မျှော် လို့ စောင့် ကြို နေ မလား
အ ဝေး မြေ က ချစ် မေ မေ ///////////

မေ မေ ဆိုတဲ့ စကား လေး တခွန်း ဟာ ဘယ်
အချိန် ခေါ်ခေါ်မ ရိုး နိုင် တာ မေ မေ ပါ ပဲ ဗျာ

ကျနော်တို့ သားသမီး တွေ ဟာ အဝေး ရောက်
လေလေ အမေ့ရဲ့ မေတ္တာ အမေ့ ရဲ့ တန်းဖိုးကို
ပို ပြီး သိတက်လာလာကြတယ်ဆိုတာမမှား
ဘူးထင် တယ် နော်

ကျနော် အနေနဲ့ ဒီနေရာလေး ကနေ ဒီစာလေးနဲ့
အမေရှိသောသူဖြစ်အမေမရှိတော့တဲ့လူဖြစ်စေ
အမေ့ရဲ့မေတ္တာ အမေ့ရဲ့ တန်ဖိုးကိုနားလည်နိုင်ကြ
ပါစေလို့ဆုတောင်ပေးလိုက်ပါတယ်ခင်ဗျာ)))))))))
                                                                                                စိုးမင်းထွန်း ###နတ်မောက်