Saturday, September 7, 2013
တစ်ခုတည်းသောဆုတောင်း
ပင်လယ်က...
မာယာတွေကို မျိုချလို့
ဝင်လာသမျှလက္ခံပေးနေတယ်
မြစ်က..........
ခုထိ စီးဆင်းနေတုန်း..။
ချောင်း / မြောင်းတွေရဲ့
ဟားတိုက်လှောင်သံတွေက
ပင်လယ်ထိ လှိုင်းထသွားတယ်.။
မြစ်.. ဟာ
ဘယ်တော့မှာ ကော..မလဲ..?
သောင်ထွန်းမယ်ဆိုတဲ့ တစ်နေ့
ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့..
ငါ ..
ဆုတောင်းပေးနေပါတယ်ဟာ...။
နွေမင်း
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment