Monday, September 9, 2013
နွေမင်း
အမေ...
ကျွန်တော်က တစ်မျိုး လူ ပါအမေ
လူတိုင်းကို မေတ္တာထားပါတယ်..။
ဒါပေမဲ့...
ကိုယ့်ကို သတိတစ်ခါ ရရင်
ကျွန်တော် အခါ တစ်ရာ ပိုသတိရတတ်ပါတယ်..။
ကိုယ့်ကို တကယ်ခင်တယ်ထင်ဆိုရင်
ကျွန်တော်က..အပြန်တစ်ရာထက်မနည်း
သံသရာထဲက ပေါင်းသင်းခဲ့တဲ့သူငယ်ချင်းတွေလို
ဆက်ဆံပေးတယ် အမေ..။
တစ်ခါတလေ...
ရေစက်လိုလို ဘာလိုလို
စေတနာတွေ ပိုလို့
အဒါ.....
မှာလား...အမေ..။
ဒါပေမဲ့.....
ကျွန်တော်မေတ္တာတရားတွေက
လောကနဲ့ ထပ်တူ မကျဘူး အမေရဲ့..။
နွေမင်း
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment