ငါမကြားချင်ဆုံးစကားလုံးတွေကြော
ငါဘက်ကနှုတ်ဆိတ်နေခဲ့တာကြာပါပြီ
ထပ်ပြီးတော့လည်းမတောင်းဆိုတော့ဘ
ငါ့အတွက် အင်အားဆိုတာလည်းမရှိတော့ဘူး
ငါချစ်နေတာလေးသိနေရင်ကိုကျေနပ်တ
ငါလွမ်းတာလေးသိနေရင်ကိုကျေနပ်တယ
ငါ့ရဲ့ အလွမ်းတွေ အချစ်တွေကို
ကဗျာအဖြစ်ဖွဲ့သီခဲ့တာလည်းကြာပြီ
အခုဆို ကဗျာ တွေတောင်
ငါ့အလိုမကျချင်တော့ဘူး
ကဗျာရေးတိုင်း မျက်ရည်ဝိုင်းခဲ့ရတဲ့နေ့တွေလည်း
လက်ချိုးလို့ မရေနိုင်တော့ဘူး
တစ်နေ့ တစ်နေ့ ကဗျာတွေနဲ့ အချိန်ကုန်ခဲ့တဲ့ငါ
ကဗျာ ရေးရမှာတောင် ကြောက်လာပြီ
ငါ့အတွက် ဒီနေ့ဆိုတာ
ကဗျာတစ်ပုဒ်ရဲ့ နောက်ဆုံးပါပဲ
ငါ့အတွက် ကျောခိုင်းနေသူအတွက်
ငါဝမ်းနည်းမနေတော့ဘူး
ငါ့နှလုံးသား ငါ့ဘ၀ တစ်ခုလုံး
မင်းယူသွားခဲ့ပြီပဲ
ငါ့အတွက် အနာဂတ် ဘ၀သစ် ဆိုတာ
မနက်ဖြန် မှာ စတင်ခဲ့ပြီ
ဒီနေ့ ကဗျာရေးတာ......
နောက်ဆုံး လက်ဆောင်တစ်ခုပါချစ်သူ
နေမထိ















